လွှတ်တော်အတွင်း တွေ့ဆုံဆွေးနွေးရေးကို UNFC လက်မခံ from Burma News International | Burmese Version by bniwebmaster@yahoo.com (သျှမ်းသံတော်ဆင့်) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်အတွင်းမှ ပြင်ဆင်နိုင်သည်ဟုဆိုသော်လည်း အဆိုပါ လွှတ်တော်အတွင်း၌ နိုင်ငံရေး ဆွေးနွေးခြင်းကို လုံးဝလက်ခံမည်မဟုတ်ကြောင်း UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီက ယမန်နေ့ကကျင်းပသော ထုတ်ပြန်ကြေငြာချက်နှင့်ပတ် သက်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။ “UNFC အနေနဲ့ အစိုးရက ကမ်းလှမ်းတဲ့ ၂၀၀၈ အခြေခံဥပဒေအတွင်း ဆွေးနွေးရေးကို လက်မခံပါဘူး။ လွှတ်တော် အတွင်း ဝင်ရောက်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲကိုလဲ ကျနော်တို့လက်မခံပါဘူး။ နိုင်ငံရေး ဆွေးနွေးပွဲအတွက် UNFC အဖွဲ့ ဝင်ကြားမှာ တူညီတဲ့အခြေခံမူ တူညီတဲ့ရည်မှန်းချက်တူညီတဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ချမှတ်ထားပြီးသား ဖြစ်ပါတယ်” - သတင်းထောက်များအား UNFC ၏ တွဲဖက်အတွင်းရေးမှူး(၂) ခွန်ဥက္ကာက ပြောပြသည်။ UNFC ၏ အဓိက ရည်မှန်းချက်မှာ တပြည်လုံးအတိုင်းအတာ အပစ်ရပ်ကြရန်၊ နိုင်ငံရေးစကားဝိုင်းဖြစ်မြောက် လာရန်နှင့် အသိသက်သေအဖြစ် နိုင်ငံတကာမှ ထို...
Comments
Post a Comment