Skip to main content

Posts

RFA Affairs as of 22nd OCT 2012

ငရဲခွေးြ ကီး လွတ်နေပြီ (လွင်မိုး၊ ဖေ့စ်ဘွတ်) အောက်တိုဘာ ၂၂၊ ၂၀၁၂ (အာရ်အက်ဖ်အေ ၀န်ထမ်းများအကြောင်း) ၁၉၉၇ ခု နှစ်လောက်တုံးကထင်ပါတယ်။ ဒေါ် စုပြောခဲ့တယ်။ ပြည်ပမီဒီယာတွေကို သတိထားစောင့်ြ ကည့်ဖို့ ။ ဒီမိုကရေစီရေးအတွက် နိုင်ငံတကာကပန့်  ပိုးထားတဲ့ မီဒီယာတွေမှာ စစ်အစိုးရြ သဇာခံတွေထိုးဖောက်ဝင်နေတယ်။ အတိုက်အခံအဖွဲ့  တွေထဲကိုထိုးဖောက်ပြီး သူတို့ လူတွေ သွင်းဖို့  အမြဲြ ကိုးစားနေတယ်ဆိုတာလူတိုင်းသိတဲ့ကိစ္စ ပါ။ အတို က်အခံအဖွဲ့တွေမှာက ၀င်လာရင် မိတာများပါတယ်။ ဘာကြောင့်လဲဆိုတော့လူတွေ ပြောဆိုရဲသေးတယ်။ ဝေဖန်ရဲသေးတယ်။ ဒါတောင်နေရာပျောက်မှာကြောက်ပြီး   ပါးစပ်ပိတ်နေတဲ့သူတွေ၊လူကြီးတွေကို ပြန်မပြောနဲ့ဆိုတဲ့ လူ့ညွန့်တုံးစေမဲ့သင်ကြားမှုအောက်ကမထွက်နိုင်တဲ့လူတွေရှိနေသေးတာပါ။ ပြည်ပမီဒီယာဆိုတာက နိုင်ငံခြားသားတွေ၊ မြန်မာမဟုတ်တဲ့၊ မြန်မာတွေရဲ့ ကလိန်ကကျစ်ပညာတွေကို မသိတဲ့သူတွေက ထောင်ပေးတဲ့ အဖွဲ့အစည်း။ ဒီတော့ ကြိုးပေါင်းများစွာနဲ့ မဆလလူထွက်တွေ၊ နအဖလူထွက်တွေ နေရာဝင်ယူနိုင်ကြပါတယ်။ လွတ်လပ်တဲ့နိုင်ငံတွေက အခွင့်အရေး (Rights) ဆိုတာကို အပြည့်ယူ။ ပြီးတော
Recent posts

NLD (SOKA) Formed and information

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( တောင်ဥက္ကလာပမြို့နယ်)နှင့်သက်ဆိုင်သော  သတင်းအချက်အလက်များပေးပို့ခြင်း ၁။      အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( တောင်ဥက္ကလာပမြို့နယ်)ရုံးကို  အမှတ်(၃၆၀/ခ)၊ သုမင်္ဂလာလမ်း၊ (၉)ရပ်ကွက်၊  (တောင်ဥက္ကလာပမြို့နယ်)၊ ရန်ကုန်မြို့တွင်  (၁၀.၄.၂၀၁၂)ရက်နေ့မှစတင်ဖွင့်လှ စ်ထားပြီးဖြစ်ပါသည်။ ၂။      အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( တောင်ဥက္ကလာပမြို့နယ်)ရုံးနှင့် သက်ဆိုင်သည့်အချက်အလက်  (Information)များကို အင်တာနက်Facebook စာမျက်နှာပေါ်တွင် National League for  Democracy(SOKA)အမည်ဖြင့် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။ ၃။      အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( တောင်ဥက္ကလာပမြို့နယ်)ရုံးနှင့် ဆက်သွယ်လိုပါက  အီးမေးလ်လိပ်စာ၊ nld.soka@gmail.com  နှင့် ဖုန်းနံပါတ်၊ ၀၉-၄၂၀၀၈၁၈၈၄၊ ၀၉-၅၁၅၂၄၀၇၊  ၀၉-၅၀၅၃၇၆၀ များကို အသုံးပြုနိုင်ပါသည်။ ၄။      အများပြည်သူအကျိုးရှိမည့်ကိစ္စမှ န်သမျှ ဆွေးနွေးတိုင်ပင်နိုင်ပါကြောင်း နှင့်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( တောင်ဥက္ကလာပမြို့နယ်) နှင့် ပတ်သက်ပြီး  လိုအပ်ချက်၊ လစ်ဟာမှုများရှိပါက  ဝေဖန်အကြံပြုနိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။                                  

Ko Ko Gyi (88 GS) - Paper on Law & Order in Burma (1st June 2012)

ကိုကိုကြီး ၈၈မျိုးဆက်ကျောင်းသားများ ၂၈၄(က)၊ ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။ ဖုန်း - ၀၁- ၅၇၇ ၆၅၆ Email-  88generation.k3@gmail.com ရက်စွဲ- ၁၊ ဇွန်၊ ၂၀၁၂ နိုင်ငံတော်၊ နိုင်ငံသားများ၏ ဂုဏ်သိက္ခာ နှင့် တရားဥပဒေ စိုးမိုးရေး                     “ နိုင်ငံတော်  ” ဆိုသည့် စကားရပ်သည် သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားများတွင် ကြိမ်ရေအများဆုံး သုံးစွဲသည့် ဝေါဟာရဖြစ်မည်ထင်သည်။ ရာစုနှစ်ဝက်ခန့်ရှိသည့်တိုင် “ နိုင်ငံသားများ ” အနေဖြင့် အဓိပ္ပါယ်ဗလုံး ဗထွေး ဖြင့် ဖတ်ခဲ့၊ ကြည့်ခဲ့၊ ကြားခဲ့ကြရပြီးဖြစ်သည်။           အမှန်စင်စစ် “ အစိုးရ  ” နှင့် “ နိုင်ငံတော်  ” ကို လုံးထွေးသုံးစွဲခြင်းသာဖြစ်သည်။ နိုင်ငံတော်အကြည်ညို ပျက်အောင်လုပ်ခြင်း - ပုဒ်မ ၁၂၄(က)ကို ကျင့်သုံးနိုင်ရန်အတွက် “ နိုင်ငံတော်  ” ဆိုသည်မှာ “ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် တည်ထောင်ခန့်အပ်သော အစိုးရ  ” ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုသည်။           ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ နိုင်ငံသားများနှင့် အစိုးရအကြား ရပိုင်ခွင့်၊ တာဝန်ဝတ္တရားများ၊ လုပ်ပိုင်ခွင့် အပ်နှင်းခြင်း၊ အရေးယူ ရုတ်သိမ်းခြင်းများကို သဘောတူချုပ်ဆိုသော ပဋိဉ

U Saw Hlaing to appeal for rejection from USDP election

from Burma News International | Burmese Version by bniwebmaster@yahoo.com (မဇ္ဈိမ) လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ခရိုင် ရွေးကောက်ပွဲကော်မရှင်မှ ပယ်ချခြင်း ခံရသည့် စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော် ၇ ကိုယ်စားလှယ်လောင်း ဦးစောလှိုင်၏အမှုကို တိုင်းကော်မရှင်သို့ တင်သွင်း အယူခံဝင် သွားမည်ဟု ရှေ့နေကြီး ဦးကိုနီက မဇ္ဈိမကို ပြောသည်။ "တိုင်းဒေသကြီး ကော်မရှင်မှာ အယူခံလည်းတင်မယ်။ အထောက်အထားတွေလည်း တင်ပြီးတော့ ကျနော်တို့ ဆက်ပြီးတော့ ကြိုစားကြည့်မယ်" ဟု ဦးကိုနီက ပြောသည်။ ကသာခရိုင် ရွေးကောက်ပွဲကော်မရှင်မှ ဦးစောလှိုင်၏ ဖခင်ဖြစ်သူသည် ဦးစောလှိုင် မွေးဖွားသည့် ၁၉၅၆ ခုနှစ်က မြန်မာနိုင်ငံသား မဟုတ်ခဲ့ ဟူသည့် စွပ်စွဲချက်ဖြင့် ပယ်ချခံရခြင်းဟု ကြားသိနေရသော်လည်း ကာယကံရှင်ထံသို့ ကန့်ကွက်လွှာ ရောက်ရှိမလာသေးဟုလည်း ဦးကိုနီ က ပြောသည်။ သို့သော် ဦးစောလှိုင်၏ ဖခင်မှာ ၁၉၅၅ ခုနှစ် ကတည်းက တိုင်းရင်းသားလက်မှတ် ရရှိပြီးဖြစ်ပြီး အထောက် အထားများ လည်း ရှိပြီးဖြစ်သည်ဟုလည်း ဦးကိုနီက ပြောသည်။ "တကယ်ဆိုရင်တော့ ကိုစောလှိုင်ကို မွေးတဲ့အချိန်မှာ အဖေကော အမေကော တိုင်းရင်းသားတွေချည်းပဲ။ တရားဝင် စ