Skip to main content

NLD (SOKA) Formed and information

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(တောင်ဥက္ကလာပမြို့နယ်)နှင့်သက်ဆိုင်သော သတင်းအချက်အလက်များပေးပို့ခြင်း
၁။      အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(တောင်ဥက္ကလာပမြို့နယ်)ရုံးကို အမှတ်(၃၆၀/ခ)၊ သုမင်္ဂလာလမ်း၊ (၉)ရပ်ကွက်၊ (တောင်ဥက္ကလာပမြို့နယ်)၊ ရန်ကုန်မြို့တွင် (၁၀.၄.၂၀၁၂)ရက်နေ့မှစတင်ဖွင့်လှစ်ထားပြီးဖြစ်ပါသည်။
၂။      အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(တောင်ဥက္ကလာပမြို့နယ်)ရုံးနှင့်သက်ဆိုင်သည့်အချက်အလက် (Information)များကို
အင်တာနက်Facebook စာမျက်နှာပေါ်တွင် National League for Democracy(SOKA)အမည်ဖြင့် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။
၃။      အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(တောင်ဥက္ကလာပမြို့နယ်)ရုံးနှင့်ဆက်သွယ်လိုပါက အီးမေးလ်လိပ်စာ၊
nld.soka@gmail.com နှင့် ဖုန်းနံပါတ်၊ ၀၉-၄၂၀၀၈၁၈၈၄၊ ၀၉-၅၁၅၂၄၀၇၊ ၀၉-၅၀၅၃၇၆၀ များကို အသုံးပြုနိုင်ပါသည်။
၎။      အများပြည်သူအကျိုးရှိမည့်ကိစ္စမှန်သမျှ ဆွေးနွေးတိုင်ပင်နိုင်ပါကြောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(တောင်ဥက္ကလာပမြို့နယ်) နှင့် ပတ်သက်ပြီး လိုအပ်ချက်၊ လစ်ဟာမှုများရှိပါက ဝေဖန်အကြံပြုနိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

                                                                       အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  တောင်ဥက္ကလာပမြို့နယ်

Comments

Popular posts from this blog

Zayar Thaw Profile for 2012 April Election

U Saw Hlaing to appeal for rejection from USDP election

from Burma News International | Burmese Version by bniwebmaster@yahoo.com (မဇ္ဈိမ) လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ခရိုင် ရွေးကောက်ပွဲကော်မရှင်မှ ပယ်ချခြင်း ခံရသည့် စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော် ၇ ကိုယ်စားလှယ်လောင်း ဦးစောလှိုင်၏အမှုကို တိုင်းကော်မရှင်သို့ တင်သွင်း အယူခံဝင် သွားမည်ဟု ရှေ့နေကြီး ဦးကိုနီက မဇ္ဈိမကို ပြောသည်။ "တိုင်းဒေသကြီး ကော်မရှင်မှာ အယူခံလည်းတင်မယ်။ အထောက်အထားတွေလည်း တင်ပြီးတော့ ကျနော်တို့ ဆက်ပြီးတော့ ကြိုစားကြည့်မယ်" ဟု ဦးကိုနီက ပြောသည်။ ကသာခရိုင် ရွေးကောက်ပွဲကော်မရှင်မှ ဦးစောလှိုင်၏ ဖခင်ဖြစ်သူသည် ဦးစောလှိုင် မွေးဖွားသည့် ၁၉၅၆ ခုနှစ်က မြန်မာနိုင်ငံသား မဟုတ်ခဲ့ ဟူသည့် စွပ်စွဲချက်ဖြင့် ပယ်ချခံရခြင်းဟု ကြားသိနေရသော်လည်း ကာယကံရှင်ထံသို့ ကန့်ကွက်လွှာ ရောက်ရှိမလာသေးဟုလည်း ဦးကိုနီ က ပြောသည်။ သို့သော် ဦးစောလှိုင်၏ ဖခင်မှာ ၁၉၅၅ ခုနှစ် ကတည်းက တိုင်းရင်းသားလက်မှတ် ရရှိပြီးဖြစ်ပြီး အထောက် အထားများ လည်း ရှိပြီးဖြစ်သည်ဟုလည်း ဦးကိုနီက ပြောသည်။ "တကယ်ဆိုရင်တော့ ကိုစောလှိုင်ကို မွေးတဲ့အချိန်မှာ အဖေကော အမေကော တိုင်းရင်းသားတွေချည်းပဲ။ တရားဝင် စ

Suu at Thone Gwa for Daw Suu Suu Lwin

သုံးခွမြို့ လူထုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အချို့ Yangon Press International။ ဖေဖေါ်ဝါရီ ၂၆၊ ၂၀၁၂ (YPI) ယနေ့မွန်းလွဲပိုင်းက သုံးခွမြို့သို့ စည်းရုံးရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့ရာ ညနေ ၅ နာရီခွဲမှ ၆နာရီမထိုးမီ အထိ မြို့ပြင် ပဲခင်းထဲတွင် လူထု ဟောပြောပွဲပြုလုပ်ခဲ့ရာတွင် ပြောကြားခဲ့ချက်အချို့ကို ကောက်နှုတ်ဖေါ်ပြလိုက်ပါသည်။ (၁) “ မဲတပြားကို မှားပြီးတော့လည်း မဖြစ်ပါစေနဲ့ ကြောက်လို့ပေးတာမျိုးလည်း မဖြစ်ပါစေနဲ့ ချော့ပြီးယူတာမျိုးလည်း မဖြစ်ပါစေနဲ့ ၊ ကိုယ့်ရဲ့ ဦးနှောက်နဲ့ရော နှလုံးနဲ့ပါ စဉ်းစားပါ၊ ဘယ်အဖွဲ့ကိုထောက်ခံမလဲ၊ ဘာဖြစ်လို့ ထောက်ခံမလဲ ဆိုတာ စဉ်းစားရမယ်။ ကျွန်မတို့ ဒီလိုပြောခြင်းအားဖြင့် ကျွန်မတို့ ကိုယ်စားလှယ်ကို တန်ဖိုးမထားတာ မဟုတ်ပါဘူး။ ” (၂ ) “ မဲပေးတာဟာ လူပုဂ္ဂိုလ် တဦးတယောက်ထဲ မဟုတ်ပါဘူး၊ တကယ်အရေးကြီးတာက အဖွဲ့အစည်းတခုအတွက်ပေးရပါတယ်။ နိုင်ငံရေး အဖွဲ့အစည်းဟာ မူရှိရတယ်။ အစဉ်အလာရှိရတယ်၊ ဘယ်လိုလုပ်ခဲ့တယ်ဆိုတဲ့ သမိုင်းလည်း ရှိရတယ်” (၃) “ ၁၉၉၀ ခုနှစ် လွပ်လပ်တဲ့ ရွေးကောက်ပွဲမှာ ကျွန်မကြိုတင်မဲပဲ ပေးပိုင်ခွင့်ရှိခဲ့တယ်၊ ၂၀၁၀ မှာ