Skip to main content

Posts

Showing posts from June, 2012

NLD (SOKA) Formed and information

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( တောင်ဥက္ကလာပမြို့နယ်)နှင့်သက်ဆိုင်သော  သတင်းအချက်အလက်များပေးပို့ခြင်း ၁။      အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( တောင်ဥက္ကလာပမြို့နယ်)ရုံးကို  အမှတ်(၃၆၀/ခ)၊ သုမင်္ဂလာလမ်း၊ (၉)ရပ်ကွက်၊  (တောင်ဥက္ကလာပမြို့နယ်)၊ ရန်ကုန်မြို့တွင်  (၁၀.၄.၂၀၁၂)ရက်နေ့မှစတင်ဖွင့်လှ စ်ထားပြီးဖြစ်ပါသည်။ ၂။      အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( တောင်ဥက္ကလာပမြို့နယ်)ရုံးနှင့် သက်ဆိုင်သည့်အချက်အလက်  (Information)များကို အင်တာနက်Facebook စာမျက်နှာပေါ်တွင် National League for  Democracy(SOKA)အမည်ဖြင့် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။ ၃။      အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( တောင်ဥက္ကလာပမြို့နယ်)ရုံးနှင့် ဆက်သွယ်လိုပါက  အီးမေးလ်လိပ်စာ၊ nld.soka@gmail.com  နှင့် ဖုန်းနံပါတ်၊ ၀၉-၄၂၀၀၈၁၈၈၄၊ ၀၉-၅၁၅၂၄၀၇၊  ၀၉-၅၀၅၃၇၆၀ များကို အသုံးပြုနိုင်ပါသည်။ ၄။      အများပြည်သူအကျိုးရှိမည့်ကိစ္စမှ န်သမျှ ဆွေးနွေးတိုင်ပင်နိုင်ပါကြောင်း နှင့်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( တောင်ဥက္ကလာပမြို့နယ်) နှင့် ပတ်သက်ပြီး  လိုအပ်ချက်၊ လစ်ဟာမှုများရှိပါက  ဝေဖန်အကြံပြုနိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။                                  

Ko Ko Gyi (88 GS) - Paper on Law & Order in Burma (1st June 2012)

ကိုကိုကြီး ၈၈မျိုးဆက်ကျောင်းသားများ ၂၈၄(က)၊ ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။ ဖုန်း - ၀၁- ၅၇၇ ၆၅၆ Email-  88generation.k3@gmail.com ရက်စွဲ- ၁၊ ဇွန်၊ ၂၀၁၂ နိုင်ငံတော်၊ နိုင်ငံသားများ၏ ဂုဏ်သိက္ခာ နှင့် တရားဥပဒေ စိုးမိုးရေး                     “ နိုင်ငံတော်  ” ဆိုသည့် စကားရပ်သည် သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားများတွင် ကြိမ်ရေအများဆုံး သုံးစွဲသည့် ဝေါဟာရဖြစ်မည်ထင်သည်။ ရာစုနှစ်ဝက်ခန့်ရှိသည့်တိုင် “ နိုင်ငံသားများ ” အနေဖြင့် အဓိပ္ပါယ်ဗလုံး ဗထွေး ဖြင့် ဖတ်ခဲ့၊ ကြည့်ခဲ့၊ ကြားခဲ့ကြရပြီးဖြစ်သည်။           အမှန်စင်စစ် “ အစိုးရ  ” နှင့် “ နိုင်ငံတော်  ” ကို လုံးထွေးသုံးစွဲခြင်းသာဖြစ်သည်။ နိုင်ငံတော်အကြည်ညို ပျက်အောင်လုပ်ခြင်း - ပုဒ်မ ၁၂၄(က)ကို ကျင့်သုံးနိုင်ရန်အတွက် “ နိုင်ငံတော်  ” ဆိုသည်မှာ “ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် တည်ထောင်ခန့်အပ်သော အစိုးရ  ” ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုသည်။           ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ နိုင်ငံသားများနှင့် အစိုးရအကြား ရပိုင်ခွင့်၊ တာဝန်ဝတ္တရားများ၊ လုပ်ပိုင်ခွင့် အပ်နှင်းခြင်း၊ အရေးယူ ရုတ်သိမ်းခြင်းများကို သဘောတူချုပ်ဆိုသော ပဋိဉ