Skip to main content

Posts

Showing posts from March, 2012

U Saw Hlaing to appeal for rejection from USDP election

from Burma News International | Burmese Version by bniwebmaster@yahoo.com (မဇ္ဈိမ) လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ခရိုင် ရွေးကောက်ပွဲကော်မရှင်မှ ပယ်ချခြင်း ခံရသည့် စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော် ၇ ကိုယ်စားလှယ်လောင်း ဦးစောလှိုင်၏အမှုကို တိုင်းကော်မရှင်သို့ တင်သွင်း အယူခံဝင် သွားမည်ဟု ရှေ့နေကြီး ဦးကိုနီက မဇ္ဈိမကို ပြောသည်။ "တိုင်းဒေသကြီး ကော်မရှင်မှာ အယူခံလည်းတင်မယ်။ အထောက်အထားတွေလည်း တင်ပြီးတော့ ကျနော်တို့ ဆက်ပြီးတော့ ကြိုစားကြည့်မယ်" ဟု ဦးကိုနီက ပြောသည်။ ကသာခရိုင် ရွေးကောက်ပွဲကော်မရှင်မှ ဦးစောလှိုင်၏ ဖခင်ဖြစ်သူသည် ဦးစောလှိုင် မွေးဖွားသည့် ၁၉၅၆ ခုနှစ်က မြန်မာနိုင်ငံသား မဟုတ်ခဲ့ ဟူသည့် စွပ်စွဲချက်ဖြင့် ပယ်ချခံရခြင်းဟု ကြားသိနေရသော်လည်း ကာယကံရှင်ထံသို့ ကန့်ကွက်လွှာ ရောက်ရှိမလာသေးဟုလည်း ဦးကိုနီ က ပြောသည်။ သို့သော် ဦးစောလှိုင်၏ ဖခင်မှာ ၁၉၅၅ ခုနှစ် ကတည်းက တိုင်းရင်းသားလက်မှတ် ရရှိပြီးဖြစ်ပြီး အထောက် အထားများ လည်း ရှိပြီးဖြစ်သည်ဟုလည်း ဦးကိုနီက ပြောသည်။ "တကယ်ဆိုရင်တော့ ကိုစောလှိုင်ကို မွေးတဲ့အချိန်မှာ အဖေကော အမေကော တိုင်းရင်းသားတွေချည်းပဲ။ တရားဝင် စ

Mann Johnny to become as candidate for Myaung Mya NLD

မြောင်းမြ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် မန်းဂျော်နီ ၀င်ရောက် အရွေးခံမည် from Burma News International | Burmese Version by bniwebmaster@yahoo.com (ကေအိုင်စီ) လာမည့် ဧပြီလ ၁ရက်နေ့တွင် ကျင်းပပြုလုပ်မည့် လစ်လပ်မဲဆန္ဒနယ် (၄၈)နေရာအတွက် ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း မန်းဂျော်နီက ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် ၀င်ရောက်အ ရွေးခံမည် ဖြစ်သည်။ မန်းဂျော်နီ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံမည့် မြောင်းမြမြို့နယ်တွင် ကရင်လူမျိုးအများအပြား နေထိုင်ရာ ဒေသဖြစ်ပြီး ၎င်း၏ပြိုင်ဘက်မှာ ပြည်ထောင်စုအားကစားဝန်ကြီး ဦးတင့်ဆန်း၏သားလည်းဖြစ်၊ ACE ကုမ္ပဏီအကြီးအကဲနှင့် မြန်မာနယ်ရှင်နယ်လိဂ်မှ နေပြည်တော် ယူနိုက်တက်ဘောလုံးအသင်းပိုင်ရှင်တစ်ဦး ဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးဖြိုးကိုကိုတင့်ဆန်း ဖြစ်သည်။ ဦးတင့်ဆန်းသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီစည်းရုံးရေး ခရီးစဉ်များတွင် လူထုဟောပြောပွဲ များ ကျင်းပပြုလုပ်နိုင်ရန် ဘောလုံးကွင်းများ အသု

U Ohn Kyine to run from Mandalay - Maha Aungmyay District

ဒေါ်အောင်ဆန်းစုကြည် မန္တလေးတိုင်း ခရီးစဉ်  March 2nd 2012 - YPI  News ၃ရက်နေ့ နံနက် ၉နာရီ မန္တလေးမြို့ တွင် အောင်ပင်လယ်ကွင်း ၌ လူထုဟောပြောပွဲ ပြုလုပ်ပြီး မန္တလေးမြို့ ရှိ ဘုန်းတော်ကြီးများကို သွားရောက်ဖူးမြော်မည်ဖြစ်သည်။ ၄ရက်နေ့ နံနက်တွင် စစ်ကိုင်းမြို့သို့သွားရောက်မည် ဖြစ်သည်။ ၅ရက်နေ့ တွင် တံတာဦး၊နွားထိုးကြီး၊မိတ္တီလာ မြို့များတွင် လူထုဟောပြောပွဲပြုလုပ်မည်။ ၆ရက်နေ့တွင် နေပြည်တော် ခရီးစဉ် စတင်မည်ဖြစ်သည် ဟု မဟာအောင်မြေမြို့နယ် ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင်က YPI သို့ပြောပါသည်။

Kyar Phyu - USDP must apologize for threatening words

ခြိမ်းခြောက်စကားရုပ်သိမ်းခြင်းမပြုက မဲဆန္ဒနယ်မှဖယ်ထုတ်ပေးရန် ကျားဖြူတောင်းဆို from   Burma News International | Burmese Version   by   bniwebmaster@yahoo.com (သျှမ်းသံတော်ဆင့်) ကြံ့ခိုင်ရေးပါတီအတွက် ဒေသခံလူထုအား မဲဆွယ်စည်းရုံးပေးသည့် မန့်ပန်ဌာနေပြည်သူ့စစ်ခေါင်းဆောင်ကို ခြိမ်းခြောက် စည်းရုံးသည့်စကားများ ရုပ်သိမ်းရေးဆောင်ရွက်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သို့ စာတင်ဖို့ ကျားဖြူ ပါတီက စီစဉ်နေကြောင်း သိရသည်။ “မန့်ပန်ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မွန်းကနေ ဒေသခံလူထုကို အစည်းအဝေးခေါ်ယူခြိမ်းခြောက်တဲ့ ကိစ္စ။ လက်နက် ကိုင်တပ်ဖွဲ့အနေနဲ့ အခုလို ဖိအားပေးခြိမ်းခြောက်တာ မလုပ်သင့်ဘူး။ ဗိုလ်မွန်းကနေ ပြောဆိုခဲ့တဲ့စကားတွေ ပြန်လည်ရုပ်သိမ်းတာတွေမပြုရင်၊ အဲဒီဒေသတွင်းမှာ ရွေးကောက်ပွဲ မကျင်းပဖို့၊ အမဲရောင် နယ်မြေအဖြစ် သတ်မှတ်ပေးဖို့  အဓိကတောင်းဆိုတာ။ ဘာဖြစ်လို့လဲဆိုတော့ သူ့စကားကြောင့် ကျနော်တို့ စည်းရုံးရေးဆင်းဖို့ လုံခြုံရေးအတွက် စိတ်ပူရတဲ့ အခြေအနေမှာရှိတယ်။ ဒါကြောင့်မို့လို့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဆီ စာတင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ကျနော်တို့ ကျားဖြူပါတီဥက္ကဌကနေလက်မှတ် ရေးထိုးပြီး

UNFC does not accept Dialogue inside Luttaw

လွှတ်တော်အတွင်း တွေ့ဆုံဆွေးနွေးရေးကို UNFC လက်မခံ from   Burma News International | Burmese Version   by   bniwebmaster@yahoo.com (သျှမ်းသံတော်ဆင့်) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်အတွင်းမှ ပြင်ဆင်နိုင်သည်ဟုဆိုသော်လည်း အဆိုပါ လွှတ်တော်အတွင်း၌ နိုင်ငံရေး ဆွေးနွေးခြင်းကို လုံးဝလက်ခံမည်မဟုတ်ကြောင်း UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီက ယမန်နေ့ကကျင်းပသော ထုတ်ပြန်ကြေငြာချက်နှင့်ပတ် သက်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။ “UNFC အနေနဲ့ အစိုးရက ကမ်းလှမ်းတဲ့ ၂၀၀၈ အခြေခံဥပဒေအတွင်း ဆွေးနွေးရေးကို လက်မခံပါဘူး။ လွှတ်တော် အတွင်း ဝင်ရောက်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲကိုလဲ ကျနော်တို့လက်မခံပါဘူး။ နိုင်ငံရေး ဆွေးနွေးပွဲအတွက် UNFC အဖွဲ့ ဝင်ကြားမှာ တူညီတဲ့အခြေခံမူ တူညီတဲ့ရည်မှန်းချက်တူညီတဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ချမှတ်ထားပြီးသား ဖြစ်ပါတယ်” - သတင်းထောက်များအား UNFC ၏ တွဲဖက်အတွင်းရေးမှူး(၂)  ခွန်ဥက္ကာက ပြောပြသည်။ UNFC ၏ အဓိက ရည်မှန်းချက်မှာ တပြည်လုံးအတိုင်းအတာ အပစ်ရပ်ကြရန်၊ နိုင်ငံရေးစကားဝိုင်းဖြစ်မြောက် လာရန်နှင့် အသိသက်သေအဖြစ် နိုင်ငံတကာမှ ထိုက်သင့်သူများမှ ဆွေး

Shwe Gas Movement in Kyauk Phyu

ရွှေသဘာဝ ဓါတ်ငွေ့ အကျိုး ခွဲဝေခံစားခွင့် ရရှိရေး ကျောက်ဖြူတွင် လူပ်ရှားမူ ပြုလုပ် from   Burma News International | Burmese Version   by   bniwebmaster@yahoo.com (နိရဉ္စရာ) ရခိုင်က ထွက်သော သဘာဝဓါတ်ငွေ့ကို ရခိုင်ပြည်နယ် အတွက် အကျိုးတူ ခွဲဝေ သုံးစွဲခွင့် ရရေး အတွက် ငြိမ်းချမ်းစွာ တောင်းဆိုပွဲ တစ်ခုကို ကျောက်ဖြူမြို့တွင် ယနေ့ နံနက်က ပြုလုပ်ခဲ့ကြကြောင်း သတင်း ရရှိသည်။ " ဟုတ်ပါတယ်။ လူငယ် ၅၀ ခန့်က ဦးဥတ္တမလမ်းက နဂါးကွင်းမှာ နံနက် ၇ နာရီခွဲခန့်မှာ စုဆုံပြီးတော့ ကားနှစ်စီးနဲ့ အတူ ကံ့ကော်တော ဘုရားကို သွားကြပါတယ်။ ကံ့ကော်တော ဘုရားက ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းရုံးနဲ့လည်း ကပ်နေတော့ အဲဒီမှာ သွားပြီး ဆုတောင်းပွဲသွားလုပ်ကြတာ ဖြစ်ပါတယ်" ဟု ဦးဆောင် လူပ်ရှားတွင် ပါဝင်သူ ကျောက်ဖြူ လူငယ် တစ်ဦးက ပြောသည်။ ရခိုင်က ထွက်သော သဘာဝဓါတ်ငွေ့ကို ရခိုင်ပြည်နယ် အတွက် အကျိုးတူ ခွဲဝေ သုံးစွဲခွင့် ရရေး လူပ်ရှားသူ လူငယ်များသည် Our Gas, Our Future ဟု စာတန်းများရေးထိုးထားသော တီရှပ် အကျီ်များကို ဆင်တူ ၀တ်ဆင်ပြီး လူပ်ရှားမူ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ ယနေ့ မတ်လ ၁ ရက်နေ့သည့် ကမ္ဘာလုံးဆိုင်ရာ ရွှေသဘာဝ ဓါတ်ငွေ့ ဆန်

KIO - political dialogue only with Regime to end civil war

မြန်မာအစိုးရနှင့် နိုင်ငံရေးဆွေးနွေးရန်သာ ရှိကြောင်း KIO ပြော from   Burma News International | Burmese Version   by   bniwebmaster@yahoo.com (ကချင်သတင်းဌာန) ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)က “အစိုးရနှင့် နောက်ထပ်အပစ်ခတ်ရပ်ဆိုင်းရေး လက်မှတ်ထိုး ရန် မလိုဘဲ KIO နယ်မြေအတွင်း ဝင်ရောက်နေ သော အစိုးရတပ်များကိုရုပ်သိမ်းပေးရန် နှင့် နိုင်ငံတကာကသက်သေပြု ပေးသည့် နိုင်ငံရေး ဆွေးနွေးရန်သာလိုပါကြောင်း” UNFC တပ်ပေါင်းစု သတင်းစာ ရှင်းလင်းပွဲတရပ်တွင် KIO အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာက ပြောကြား ခဲ့သည်။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များ၏ သတင်းစာရှင်းလင်းပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တစ်နေရာတွင် ဖေဖေါ်ဝါရီလ၂၈ ရက်နေ့၌ ကျင်းပခဲ့သည်။ “ကျွန်တော်တို့(KIO)က ၁၉၉၄ ခုနှစ် ဖေဖေါ်ဝါရီလ၂၄ မှာ အပစ်ခတ်ရပ်ဆိုင်းရေးလက်မှတ်ထိုးပြီးပြီ။ ဒီအတိုင်းပဲကျွန်တော်တို့သွားနေတာပါ။ ဘာမှမလုပ်ဘူး။ ဒါပေမဲ့အစိုးရတပ်ဖွဲ့က ၂၀၁၁ ဇွန်လ ၉ ရက်နေ့မှာ ကျနော်တို့ရဲ့စစ်သား ၄ ယောက်ပဲရှိတဲ့ရှေ့အကျဆုံး တပ်ကို သူတို့(အစိုးရ)စပြီးဝိုင်းပစ်ကြတယ်။ အဲဒီအချိန် မှာ ကျတော်တို့မတုန့်ပြန်သေးဘူး။ ဒါပေမဲ့ ဇွန်လ

EU to lieft Sanction after Bi-Election

ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်မျှတမှုရှိုရင် အီးယူဒဏ်ခတ်မှု ရုတ်သိမ်းမည် from   VOA News: Burma မြန်မာနိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ ကြားဖြတ် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရား မျှတမှုရှိမယ်ဆိုရင် အရေးယူ ဒဏ်ခတ်မှု တွေကို ရုတ်သိမ်း ပေးမယ်လို့ ဒီကနေ့ ရန်ကုန်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း အာဆီယံနိုင်ငံများနဲ့ ဆက်ဆံရေး ဥရောပပါလီမန်ရဲ့ ကိုယ်စားလှယ်အဖွဲ့ က ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ တစုံတရာ တိုးတက်လာတာကို မြင်တွေ့ရပေမဲ့ လုပ်ဆောင် စရာတွေ အများကြီး ကျန်နေသေးတယ်လို့လည်း ပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံမှာ ငါးရက်ကြာ ခရီးစဉ်အဖြစ်နဲ့ ရောက်ရှိနေတဲ့ ၁၁ ဦးပါ အာဆီယံနိုင်ငံများ နဲ့ ဆက်ဆံရေး ဥရောပပါလီမန်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။ ဒီသတင်းစာ ရှင်းလင်းပွဲအတွင်း ဥရောပပါလီမန် အမတ်တွေက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ သတင်း မီဒီယာ လွတ်လပ်မှု၊ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက် လာတာမျိုး၊ တိုင်းရင်းသားလက်နက်ကိုင် တွေနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်လာတာ မျိုးတွေလို ထူးခြားတဲ့ အပြောင်းအလဲ တချို့ကို မြင်တွေ့ခဲ့ပေမဲ့ နိုင်င

USDP Government President Thein Sein - Speech - March 1st 2012

. ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်သမဿမတ ပြောကြားသည့် မိန့်ခွန်း (၁-၃-၂၀၁၂ ရက်) လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးနှ င့်တစ်ကွ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား - ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁၀ အရ ကျွန်တော့်အနေဖြင့် နိုင်ငံတော်၏ မူဝါဒများ၊ တစ်နှစ်တာကာလအတွင်း မိမိအစိုးရအဖွဲ့၏ဆောင်ရွက်ချက်များနဲ့ ရှေ့တွင်ဆက်လက်ဆောင်ရွက်မည့်ကိစ ဿစရပ်များအား ဤလွှတ်တော်မှတစ်ဆင့် ပြည်သူများသိရှိစေရန် တက်ရောက်ပြောကြားခြင်းဖြစ်ပါတယ် ။ ပထမဦးစွာ နိုင်ငံတော်တစ်ဝန်းလုံးမှာရှိတဲ့  မိဘပြည်သူများအားလုံး၊ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများမှာ ရောက်ရှိနေကြတဲ့ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားအားလုံး၊ ပြည်ထောင်စုလွှတ်တော်နာယကကြီး၊ ပြည်သူ့ လွှတ်တော်ဥကဿကဌကြီးနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှ ယ်များ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်တို့အစိုးရ အုပ်ချုပ်ရေးအာဏာ လွှဲပြောင်းရယူခဲ့တာ ဒီလဆိုရင် (၁)နှစ်တင်းတင်း ပြည့်မြောက်ပြီ ဖြစ်ပါတယ်။ ဒီလို (၁)နှစ်ပြည့် အခါသမယမှာ လွှတ်တော်ကိုယ