Skip to main content

Posts

Showing posts from February, 2012

Suu at Thone Gwa for Daw Suu Suu Lwin

သုံးခွမြို့ လူထုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အချို့ Yangon Press International။ ဖေဖေါ်ဝါရီ ၂၆၊ ၂၀၁၂ (YPI) ယနေ့မွန်းလွဲပိုင်းက သုံးခွမြို့သို့ စည်းရုံးရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့ရာ ညနေ ၅ နာရီခွဲမှ ၆နာရီမထိုးမီ အထိ မြို့ပြင် ပဲခင်းထဲတွင် လူထု ဟောပြောပွဲပြုလုပ်ခဲ့ရာတွင် ပြောကြားခဲ့ချက်အချို့ကို ကောက်နှုတ်ဖေါ်ပြလိုက်ပါသည်။ (၁) “ မဲတပြားကို မှားပြီးတော့လည်း မဖြစ်ပါစေနဲ့ ကြောက်လို့ပေးတာမျိုးလည်း မဖြစ်ပါစေနဲ့ ချော့ပြီးယူတာမျိုးလည်း မဖြစ်ပါစေနဲ့ ၊ ကိုယ့်ရဲ့ ဦးနှောက်နဲ့ရော နှလုံးနဲ့ပါ စဉ်းစားပါ၊ ဘယ်အဖွဲ့ကိုထောက်ခံမလဲ၊ ဘာဖြစ်လို့ ထောက်ခံမလဲ ဆိုတာ စဉ်းစားရမယ်။ ကျွန်မတို့ ဒီလိုပြောခြင်းအားဖြင့် ကျွန်မတို့ ကိုယ်စားလှယ်ကို တန်ဖိုးမထားတာ မဟုတ်ပါဘူး။ ” (၂ ) “ မဲပေးတာဟာ လူပုဂ္ဂိုလ် တဦးတယောက်ထဲ မဟုတ်ပါဘူး၊ တကယ်အရေးကြီးတာက အဖွဲ့အစည်းတခုအတွက်ပေးရပါတယ်။ နိုင်ငံရေး အဖွဲ့အစည်းဟာ မူရှိရတယ်။ အစဉ်အလာရှိရတယ်၊ ဘယ်လိုလုပ်ခဲ့တယ်ဆိုတဲ့ သမိုင်းလည်း ရှိရတယ်” (၃) “ ၁၉၉၀ ခုနှစ် လွပ်လပ်တဲ့ ရွေးကောက်ပွဲမှာ ကျွန်မကြိုတင်မဲပဲ ပေးပိုင်ခွင့်ရှိခဲ့တယ်၊ ၂၀၁၀ မှာ

Kachin woman speak out for Kachin State to Suu

ဒေါ်အောင်ဆန်းစုကြည် ကို ဒေါ်အင်ဖန်ဂျာရာ ပြောခဲ့တဲ့စကားတွေ by Yangon Press International on Saturday, 25 February 2012 at 08:25 · မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၅၊ ၂၀၁၂ (YPI) (ဆိုင်းဆွတ်)   ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ ည ၈နာရီ မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခန်းမမှာ ကချင်ပြည်နယ်သို့ စည်းရုံးရေး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့  ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်သား ခေါင်းဆောင်းများ၊  ဘာသာရေး ခေါင်းဆောင်များနဲ့ ညစာအတူစားခဲ့ကြပါတယ်။ ထိုစဉ်က ကချင်အတိုင်ပင်ခံအဖွဲ့  နာယက ဒေါ်အင်ဖန်ဂျာရာ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြောဆိုကြတဲ့အကြောင်းကို YPI သတင်းထောက်က ဒေါ်အင်ဖန်ဂျာရာကို မေးမြန်းထားပါတယ်။ ဒေါ်အင်ဖန်ဂျာရာ။                ။ ည ၈နာရီ ကနေ စပြီး ၁၀ နာရီ လောက်အထိ စကားပြောဖြစ်ခဲ့ပါတယ် သူက အဖွားကို မေးခွန်း နှစ်ခုပဲမေးပါတယ်။ အဲဒါတွေက ၁- KIA က ဘာလို့ဖြစ်လာတာလဲ ၂ - ဒီနေ့အထိ ဘာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးလို့ မရသေးတာလဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က မေးခဲ့ပါတယ်။ အရမ်းအရေးကြီးတဲ့ မေးခွန်တွေကို သူမေးခဲ့ပါတယ်။  ကျွန်မ ပြန်ပြောပြလိုက်ပါတယ်၊ အရင်ကတည်းက ကချင်နိုင်ငံဆိုပြီးရှိခဲ့တာပါ ဘယ်ဘုရင်ကမှ ဒီနေရာက ကချင်တွေအတွက်ဆိုပြီး ပေးထားတာမ

Tint San corruption emerged -

အားကစားဝန်ကြီးဦးတင့်ဆန်း၏ လာဒ်စားမှုများပေါ်ပြီ (တိုင်ကြားစာ) from သစ်ထူးလွင် Myanmar News Now by သစ်ထူးလွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး နှင့် အားကစားဝန်ကြီး ဦးတင့်ဆန်း သည် နိုင်ငံတော်မှ ငွေကြေးအမြောက်အများကို လိမ်ယူထားသူဖြစ်ကြောင်း ၊ ပြည်သူ့ လွှတ်တော် အဆောက်အဦး အမှန်တကယ် ကုန်ကျငွေ၏ နှစ်ဆကျော်ခန့် ကုန်ကျကြောင်း၊ နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်းရှင်အသိုင်းအ၀ိုင်းမှသိရသည်။ လိမ်လည်မှုတွေနှင့် ပါတ်သတ်လို့  ဆောက်လုပ်ရေးအင်ဂျင်နီယာတဦး က Myanmar News Now ကို စာရေးသားပေးပို့ ထား ပါသည်။ ပေးပို့ လာတဲ့ စာကို အောက်မှာမူရင်းတိုင်း ဖော်ပြပေးလိုက်ပါသည်။ စာမှာ စာလုံးပေါင်း တချို့ မှားယွင်းမှုရှိနေတာကို စာဖတ်သူတို့  နားလည် ဖြည့်စွပ်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။ အားကစားဝန်ကြီးဦးတင့်ဆန်း လွှတ်တော်ဆောက်လုပ်စဉ်က လုပ်ငန်းခွင်မြင်ကွင်း u tint san's import news http://feeds.feedburner.com/thithtoolwin/yIWV

NUP Cadid becomes USDP Candid in Bi-Election

တစည ကိုယ်စားလှယ်လောင်း ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးကိုယ်စားပြုယှဉ်ပြိုင် from သစ်ထူးလွင် Myanmar News Now by သစ်ထူးလွင် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်မှ ၂၀၁၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားစည်းလံး ညီညွတ်ရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သောကိုယ်စားလှယ်က လာမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီမှ ပြန်လည်ဝင်ရောက် အရွေးခံမည်ဖြစ်ကြောင်း သတင်းရရှိသည်။ " အရင်တုန်းက တ.စ.ည နဲ့လက်ရှိအစိုးရနဲ့ အတူတူပဲထင်တာ။ ဗိုလ်ချုပ်ဟောင်းတွေဆိုတော့ မတူဘူးဆိုတာ နောက်မှသိရတာ။ နောက်ပြီးတော့ တ.စ.ညက လာပြောတဲ့အချိန်မှာ ပြည်ခိုင်ဖြိုးက ပါတီမဖွဲ့ သေးတာနဲ့ လက်ခံခဲ့တာ" ဟု လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ၀င်ရောက်အရွေးခံမည့် ဦးတင်စိုးက ပြောသည်။ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ပြီး တစ်လခန့်အကြာ၌ ပြည်ခိုင်ဖြိုးပါတီဝင်အဖြစ် လျှောက်ထားခဲ့ပြီး နောက် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် တာဝန်ပေးခြင်းခံရသည်ဟု ကာယကံရှင်က ဆို သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာလှမြတ်သွေးမှာ ငါးသိုင်း ချောင်းဒေသခံဖြစ်ပြီး

Nay Yi Ba Swe joins NLD today

ဒေါ်နေရီဗဆွေလည်း NLD ပါတီဝင်ပြီ မိုးမခအထောက်တော် အမှတ် ဝဝ၇ ဖေဖော်ဝါရီ ၂၂၊ ၂၀၁၂ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီဗဆွေနှင့် ဒေါ်သန်းသန်းနု (Photograph: Jack Davies for the Guardian) NLD က ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ ခေါင်းဆောင်တဦးဖြစ်သူ ဒေါ်နေရီဗဆွေအား ပါတီဝင်အဖြစ် အသိအမှတ် ပြုလိုက်ကြောင်း သိရသည်။ ''သူ့ကို လက်ခံပြီးပြီ။ သူ ပါတီဝင် မလျှောက်ခင်ကတည်း က ကျွန်တော်တို့နဲ့ တွေ့ပါ တယ်။ ကျွန်တော်တို့က သူ့ကို လျှောက်လွှာတင်တာနဲ့ တစ်ခါတည်း လက်ခံလိုက် တယ်'' ဟု NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဥာဏ်ဝင်းက တနင်္လာနေ့ NLD သတင်းစာရှင်းလင်းပွဲတွင် ပြောလိုက်ကြောင်း ပေါ်ပြူလာနယူးစ် ဂျာနယ် facebook စာမျက်နှာတွင် ယနေ့ညနေပိုင်းက ဖော်ပြထား သည်။ ဒေါ်နေရီဗဆွေသည် ဒီမိုကရက်တစ်ပါတီ(မြန်မာ) တွင် ခေါင်းဆောင်ပိုင်းနေရာတွင် ပါဝင်ခဲ့သူဖြစ်ပြီး ယခု ထိုပါတီတာဝန်များ ဆက်လက် ထမ်းဆောင်ခြင်း ရှိမရှိ မသိရသေးပေ။ ၎င်းသည် ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ၏ သမီးဖြစ်ပြီး ၁၉၇၀ နောက်ပိုင်း ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရသည်။ ၁၉၉၀၊ ၂၀၁၀ ရွေးကောက်ပွဲတို့တွင် ပါဝင် ယှဉ်ပြိုင်ခဲ့သော်လည်း ရွေးချယ်ခြင

Rakhine Luttaw - Kyauk Phyu Rep - to discuss Rights issues

ရခိုင်လွှတ်တော်တွင် ကျောက်ဖြူ ပြည်နယ် လွှတ်တော်အမတ် ပြည်သူ့ အရေး တင်ပြတောင်းဆိုမည် from   Burma News International | Burmese Version   by   bniwebmaster@yahoo.com (နိရဉ္စရာ) ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ စတင်ခဲ့သော ရခိုင်ပြည်နယ် လွှတ်တော် အမေးအဖြေ ကဏ္ဍတွင် ပြည်သူများ အပေါ် မတရား ပြုကျင့်ခံနေရမူများ တင်ပြသွားမည် ဖြစ်ကြောင်း ကျောက်ဖြူ ပြည်နယ် လွှတ်တော် အမတ် ဦးတင်ဖေက ပြောသည်။ " ကျွန်တော်က မေးခွန်းမေးတဲ့ ကဏ္ဍမှာ တင်ပြမှာက အချက် (၃) ချက် ဖြစ်ပါတယ်။ ဒါကို လွှတ်တော်မှာ မေးဖို့ တင်ပြ ထားပါတယ်။ ကျောက်ဖြူမှာ မီးလင်းရေးကော်မီတီက အစိုးရက သတ်မှတ်ထားတာက မီတာခ တယူနစ် ၃၅ ကျပ်၊ မီးလင်းရေးကော်မီတီက ကျောက်ဖြူမှာ ကောက်နေတာက ၄၀၀၊ ၅၀၀ ဆိုသလို ကောက်တယ်။ ဒါတွေကို တင်ပြပါမယ်။" ဒုတိယ ဆွေးနွေးရန် တင်ပြထားသော အကြောင်းအရာကိုလည်း သူက ယခုလို ပြောသည်။ " နောက်တင်ပြတာက ဂုံးချိန် ကျေးရွာမှာ ၁၉၉၃ ခုနှစ်က တပ်ရင်း ၅၄၂နဲ့ ၅၄၃ တို့က လယ်တွေကို တပ်ရင်းချမယ်ဆိုပြီး သိမ်းထားပါတယ်။ အဲဒီလယ်တွေထဲက တချို့ကို စစ်တပ်က လယ်သမားတွေကို သီးစားချထားပါတယ်။ တစ်ချို့ကိုလည်း သူတို့ ကိုယ်တိုင် လုပ်ပါတယ်။ ကျန်တဲ့ လယ်မြေတွေကို ဘာတစ်ခုမှ မလုပ်

Zawtika Pipeline Project - Labor Dispute

ဇောတိက ပိုက်လိုင်းစီမံကိန်းမှ အလုပ်သမားများမှ တနသာင်္ရီတိုင်း ၀န်ကြီးချုပ်ထံပေးစာ.. from   ဒီမိုဝေယံ   by   ဒီမိုဝေယံ ဇောတိက သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်း မြင်ကွင်းတခု.. . ၀န်ကြီးချူပ် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီတိုင်း အကြောင်းအရာ။ ။ ဇောတိက သဘာဝဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်းလုပ်သားများ၏ နစ်နာမှုများနှင့် အခွင့်အရေးများအတွက် ညှိုနှိုင်းဖြေရှင်းပေးပါရန် တင်ပြခြင်း ကျွန်တော်တို့သည် ရေဖြူမြို့နယ်၊ ကန်ဘောက်ဒေသ PTTEPI မှ ဆောင်ရွက် အကောင်အထည်  ဖော်နေသော ဇောတိက သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်း စီမံကိန်းတွင် ၀င်ရောက် လုပ်ကိုင်နေသော လုပ်သားများနှင့် မိသားစုများ ဖြစ်ပါသည်။ စီမံကိန်းတွင် CPPB မှ ကန်ထရိုက်အဖြစ်ရရှိထားပြီး အလုပ်သမား ရှာဖွေ ခန့်ထားရေး ကိစ္စရပ်များတွင် AGS (Asia Guiding Star Co.ltd) မှ တဆင့်ခံ ကန်ထရိုက်အဖြစ် တာဝန်ယူ ဆောင်ရွက်နေပါသည်။ AGS မှ စီမံကိန်း လုပ်ငန်းများအတွက် လုပ်သားရေးရာ ကိစ္စများ တာဝန်ယူမှုတွင် လုပ်ခလစာနည်းပါးလွန်းခြင်း၊ အခြားခံစားခွင့်များ မရခြင်း၊ ကြမ်းတမ်းရိုင်းပြစွာ အမိန့်ပေးခိုင်းစေခြင်း တို့ကြောင့် ကျနော်တို့လုပ်သားများအတွက် အခက်အခဲမျ

DKBA retract from peace deal with Regime - Feb 21, 2012

အစိုးရနဲ့ရယူထားတဲ့ ငြိမ်းချမ်းရေး DKBA ဘက်ကဖျက်သိမ်း from   မြတ်လေးငုံ   by   မြတ်လေးငုံ မြန်မာအစိုးရနဲ့ အသစ်တဖန် အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ တိုးတက်သောကရင် ဗုဒ္ဓဘာသာတပ် DKBA က လက်နက်တွေကို နယ်ခြားစောင့်တပ်က သိမ်းယူပြီးနောက် လက်နက်တွေ ပြန်မပေးနိုင်ဘူးလို့ နယ်ခြားစောင့်တပ်တွေရဲ့ အကြီးအကဲ ဗိုလ်ချုပ်မောင်မောင်အုန်းက ဖားအံမြို့မှာ ဒီကနေ့ ပြောကြားလိုက်တဲ့အတွက် DKBA က မကြာသေးခင် ၃ လကျော်က ရယူခဲ့တဲ့ ငြိမ်းချမ်းရေး ပျက်ပြားသွားပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။ မြိုင်ကြီးငူဒေသမှာ အခြေစိုက်လှုပ်ရှားနေတဲ့ တိုးတက်သောကရင် ဗုဒ္ဓဘာသာတပ်တွေနဲ့ နယ်ခြားစောင့်တပ်တွေ လက်နက်သိမ်းတဲ့ ကိစ္စနဲ့ပတ်သက်လို့ ပစ်ခတ်မှုတွေဖြစ်ပြီးတဲ့နောက် DKBA ခေါင်းဆောင်ဗိုလ်မောင်လေးနဲ့ နယ်ခြားစောင့်တပ်က ဗိုလ်ဖားနွီး၊ မြန်မာအစိုးရက ဖွဲစည်းပေးထားတဲ့ နယ်ခြားစောင့်တွေရဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းတို့ ဖားအံမြို့မှာ တွေ့ဆုံခဲ့ကြတာပါ။ တွေ့ဆုံမှုအတွင်းမှာ နှစ်ဘက်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တဲ့ ကရင်တပ်ဖွဲ့တွေ အချင်းချင်းကြားမှာတော့ ပြေလည်မှုရခဲ့ပေမဲ

Myat Nyar Na Soe become NLD Rep in current Luttaw

ရွေးကောက်ပွဲ မ၀င်ဘဲ လွှတ်တော်တွင် NLD တနေရာ ရရှိ မိုးမခအထောက်တော် အမှတ် ၀၀၂ ဖေဖော်ဝါရီ ၂၀၊ ၂၀၁၂ ဓာတ်ပုံ – 7Day ဂျာနယ် လူထုထောက်ခံမှု အများဆုံး ဖြစ်သော NLD သည် ကြားဖြတ်ရွေးကောက်ပွဲ မ၀င်မီမှာပင် လွှတ်တော်ကိုယ်စားလှယ် တဦး ရရှိသွားသည်။ ထိုသူမှာ မကြာသေးမီက NLD နှင့် ပူးပေါင်းလိုက်သော ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၄) လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာမြတ်ဉာဏစိုး ဖြစ်သည်။ သူ့အား NLD က လက်ခံလိုက်ပြီ၊ဖြစ်ကြောင်း ယနေ့ ပြုလုပ်သော ရန်ကုန်ရုံးချုပ် သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။ ဒေါက်တာမြတ်ဉာဏစိုးသည် ယခင်က NDF ပါတီဝင် ဖြစ်သည်။ သက်တမ်း တနှစ်ပြည့်တော့မည့် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီတွင် အဖွဲ့ဝင်တဦး ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD က ကြားဖြတ်ရွေးကောက်ပွဲဝင်မည်ဟု ကြေညာပြီး တလ အကြာ ဒီဇင်ဘာလလယ်ပိုင်းတွင် ဒေါက်တာမြတ်ဉာဏစိုးက သူ၏ မိခင်ပါတီမှ နုတ်ထွက်ခွင့်တောင်းရာ ပါတီက ချက်ချင်း ခွင့်ပြုခဲ့သည်။ ဇန်နဝါရီလ ၁၀ ရက်နေ့ခန့်တွင် သူ နှင့် NDF ပါတီဝင်ဟောင်း လသာမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်

Kaw Moo, Aung San Suu Kyi and Dr Soe Minn

ကြားဖြတ်ရွေးကောက်ပွဲ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်တိုင်းရင်းသားများနေထိုင်ရာ ကော့မှူးမြို့နယ်၊ ၀ါးသင်္ခကျေးရွာ from Karen Newsletter / အယ်ဂလယ်မူး၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၁၂ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ခုနှစ်၊ ဧပြီလ (၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကြား ဖြတ်ရွေးကောက်ပွဲ၌ရန်ကုန်တိုင်းဒေသကြီး၊ တောင် ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဒေါ်အောင်ဆန်းစု ကြည်၏ အဓိကယှဉ်ပြိုင်ဘက် ဖြစ်လာမည့်သူမှာ ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာစိုးမင်း ဖြစ်သည်။ စည်းမျဉ်းစည်းကမ်းများအရ ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ်သို့ အိမ်ထောင်စုဇယား(ပုံစံ-၁၀) ပြောင်းရွှေ့ရသည်။ ကော့မှူးမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ရခြင်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများအား ပြောကြားချက်အ ချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။ “ကော့မှူးက ပြိုင်မယ်ဆိုတော့ အဲဒီမှာပဲ မဲထည့်ရမယ်။ မဲထည့်ရမယ်ဆိုတော့ အန်တီက အဓိက ကတော့ အဲဒီရွာ(၀ါးသင်္ခကျေးရွာ)ကို ရွေးတာကတော့ ကရင်တိုင်းရင်းသားတွေ ရွာမို့လို့ပါ။” ရွေးကောက်ပွဲ မဲ

Kaw Moo - a place for Aung San Suu Kyi for Bi-Election

အမိုး ဒေါ်သန်းသန်းလေး ဒေါ်အောင်ဆန်းစုကြည် ၏ မိသားစုဝင်များ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင် ဖို့ အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့ နယ်၊ ၀ါးသင်္ခ ကျေးရွာ မှာ ဒေါ်သန်းသန်းလေး အိမ်တွင် အိမ်ထောင်စု သန်းခေါင်စာရင်းဝင်ခဲ့သည်။ အခုလို သန်း ခေါင်စာရင်း ၀င်ခဲ့တဲ့ အတွက် မိသားစုဝင်ဖြစ်ကြတဲ့ အမိုး ဒေါ်သန်းသန်းလေး ရဲ့ ဝမ်းသာ ပီတိသံကို မေးကြည့်ရာ " " ဒီအိမ်မှာက မိသားစုဝင် စုစုပေါင်း ( ၉ ) ယောက်ရှိပါတယ်။ အကြီးဆုံးက ရီရီလွင်၊ ကျော်ဦးလွင်၊ နော်ကူးမ၊ ကျော်စွာမင်း၊ နော်ဖောလ၊ မယ်ပွား၊ မီးမီးပွား တို့ ဖြစ်ပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် တိုးလာပြီ။ အဲဒီအပေါ်မှာလည်း အရမ်းဝမ်းသာသလိုကျေးဇူးလည်း တင်တယ်၊ ၀ါသင်္ခရွာအနေနဲ့လည်း ဂုဏ်ယူတယ်၊ ၀မ်းလည်းသာသလို အားလည်းပေးကြတယ်၊ ကရင်တွေပီပီ တစ်ဦးချင်းမဟုတ်ပဲ အားလုံးတစ်ညီတစ်ညွတ်တည်း အားပေးကြတယ်၊ ဒီအိမ်ကို ဒေါ်အောင်ဆန်းစုကြည် တစ်ကြိမ်ပဲရောက်ဖူးသေးတယ်၊ သူ့ ကိုတွေ့ တွေ့ ချင်းအရမ်းဝမ်းသာတယ်၊ သူကလည်း ဒီအိမ်မှာ မိသားစုဝင်ဖြစ်တဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောပါတယ်။ အဲဒီနေ့ က သူအမျာြး

NLD opend Taung Dwin Gyi Office, Magwe Region

တောင်တွင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးဖွင့်ပွဲနှင့် ပါတီဆိုင်းဘုတ်တင်ပွဲ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးဖွင့်ပွဲနှင့် ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၂၅ မိနစ်တွင် တောင်တွင်းကြီးမြို့ ရွှေအိုး(၁) ရပ်ကွက်ဗိုလ်ချုပ်လမ်းရှိ၊ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျောက်ခဲ(ခ) ဦးသောင်းစိန်၏ နေအိမ်တွင် ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုနာယက ဦးဝင်းတင်၊ ဒေါ်ဖြူဖြူသင်း၊ တောင်တွင်းကြီးမြို့နယ် အမှတ် (၄) မဲဆန္ဒနယ်မှဝင်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်ညွန့်၊ စာရေးဆရာ ကဗျာဆရာ ငြိမ်းသက်၊ ကဗျာဆရာ တင်ဝင်းတို့သည် ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့က တောင်တွင်းကြီးမြို့သို့ ရောက်ရှိလာသည်။ တောင်တွင်းကြီးမြို့အဝင်၌ပင် ကြိုဆိုသူများ ထောင်နှင့်ချှီ၍ ရှိသည်။ လမ်းတလျောက်တွင် အိုးစည်ဒိုးပတ်များ၊ မြန်မာ့ရိုးရာအကများဖြင့် ကြိုဆိုကြသည်။ အသံချဲ့စက်များဖြင့်လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ နာယကကြီးဦးဝင်းတင် ကျန်းမာပါစေ၊ တိုင်းပြည်အကျိုးဆထက်တမ်းပိုး ထမ်း

NLD opend Thayet Office in Magwe Region

NLD Office Opened in Thayet - Magwe Region   ၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၁) ရက်နေ့တွင် သရက်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ ဆိုင်းဘုတ်တင်နှင့် ရုံးဖွင့်ပွဲအခမ်းအနားကိုပြုလုပ်ခဲ့ရာ အခမ်းအနားမှူးအဖြစ် မကွေးမြို့မှ ဒေါ်စန္ဒာဝင်း၊ သဘာပတိအဖြစ် သရက်မြို့မှ ဦးကံမြင့်တို့ကပြုလုပ်ကြပြီး၊ ပထမဦးစွာ အလံတင်ခြင်းနှင့် ဆိုင်းဘုတ်တင်ဖွင့်ပွဲပြုလုပ်ပါ သည်။ ၄င်းနောက် အဖွဲ့ချုပ်နာယကအဖွဲ့ဝင် သူရဦးတင်ဦး၏ သ၀ဏ်လွှာ ဖတ်ကြားခြင်း၊ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ကိုယ်စား ကိုအာကာဘိုမှ သ၀ဏ်လွှာဖတ်ကြားခြင်း၊ ဗဟိုအောင်နိုင်ရေး ဥပဒေပြုအဖွဲ့မှ ဦးကြည်ဝင်းနှင့် ဗဟိုအောင်နိုင်ရေး ဒီလှိုင်းဂျာနယ် အယ်ဒီတာ ဦးအောင်မြင့် (ခ) ဖျာပုံနီလုံဦး တို့မှ အမှာစကားပြောကြားခြင်း၊ မကွေးတိုင်း အောင်နိုင်ရေးအဖွဲ့ဝင် ဒေါ်ခင်စောဋ္ဌေးမှ မိတ်ဆက်စကား ပြောကြားခြင်း၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးမှ အမှတ်တရစကား ပြောကြားခြင်းတို့ပြုလုပ်ခဲ့ပါသ ည်။ သရက်မြို့မှ ကဗျာဆရာတစ်ဦးမှ ဂုဏ်ပြုကဗျာရွတ်ဆိုပြီးနောက် အခမ်းအနား အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။ အောင်လံ၊ မင်းတုန်း၊ ကံမ၊ မကွေး၊ ရေနံချောင်း၊ ရန်ကုန် မှ အဖွဲ့ချုပ် အဖွဲ့

Father Tint San Son Tint Son

တင့်ဆန်းများ ဧပြီ ၁ ရက်နေ့တွင် ကျင်းပရန်ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ဦးတင့်ဆန်း၏ သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်း က ကြံ့ဖွံ့ပါတီ ကိုယ်စားပြု၍ မြောင်းမြ မြို့နယ်တွင် ယှဉ်ပြိုင်မည်ဟု သိရသည်။ အဆိုပါ လစ်လပ် နယ်မြေတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ၏ ကိုယ်စားလှယ်မှာ မန်းဂျော်နီ ဖြစ်သည်။ Wall Photos အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပါတီစည်းရုံးရေး လုပ်ငန်းများ ရွေးကောက် ပွဲအောင်နိုင်ရေး လုပ်ငန်းစဉ်များ အနှောင့် ယှက်ဖြစ်နေရကြောင်း ယင်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း က ထုတ်ဖော် ပြောကြား လိုက်တယ်။

Zayar Thaw Profile for 2012 April Election