Skip to main content

U Saw Hlaing to appeal for rejection from USDP election

လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ခရိုင် ရွေးကောက်ပွဲကော်မရှင်မှ ပယ်ချခြင်း ခံရသည့် စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော် ၇ ကိုယ်စားလှယ်လောင်း ဦးစောလှိုင်၏အမှုကို တိုင်းကော်မရှင်သို့ တင်သွင်း အယူခံဝင် သွားမည်ဟု ရှေ့နေကြီး ဦးကိုနီက မဇ္ဈိမကို ပြောသည်။
စစ်ကိုင်းတိုင်း၊ အမျိုးသားလွှတ်တော် အမှတ် ၇ ကိုယ်စားလှယ်လောင်း ဦးစောလှိုင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့အနီး ဂူရဂေါင်းမြို့လေးတွင် အသဲအစားထိုးကုသမှု ခံယူရန်အတွက် ရောက်ရှိနေသည်ကို မတ်လ ၄ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)
"တိုင်းဒေသကြီး ကော်မရှင်မှာ အယူခံလည်းတင်မယ်။ အထောက်အထားတွေလည်း တင်ပြီးတော့ ကျနော်တို့ ဆက်ပြီးတော့ ကြိုစားကြည့်မယ်" ဟု ဦးကိုနီက ပြောသည်။

ကသာခရိုင် ရွေးကောက်ပွဲကော်မရှင်မှ ဦးစောလှိုင်၏ ဖခင်ဖြစ်သူသည် ဦးစောလှိုင် မွေးဖွားသည့် ၁၉၅၆ ခုနှစ်က မြန်မာနိုင်ငံသား မဟုတ်ခဲ့ ဟူသည့် စွပ်စွဲချက်ဖြင့် ပယ်ချခံရခြင်းဟု ကြားသိနေရသော်လည်း ကာယကံရှင်ထံသို့ ကန့်ကွက်လွှာ ရောက်ရှိမလာသေးဟုလည်း ဦးကိုနီ က ပြောသည်။

သို့သော် ဦးစောလှိုင်၏ ဖခင်မှာ ၁၉၅၅ ခုနှစ် ကတည်းက တိုင်းရင်းသားလက်မှတ် ရရှိပြီးဖြစ်ပြီး အထောက် အထားများ လည်း ရှိပြီးဖြစ်သည်ဟုလည်း ဦးကိုနီက ပြောသည်။

"တကယ်ဆိုရင်တော့ ကိုစောလှိုင်ကို မွေးတဲ့အချိန်မှာ အဖေကော အမေကော တိုင်းရင်းသားတွေချည်းပဲ။ တရားဝင် စာရွက်စာတမ်းတွေက အင်းတော်မှာ ရှိပြီးသားပါ" ဟု မဇ္ဈိမကို ပြောသည်။

ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ကိုယ်စားလှယ် လောင်း ဦးစောလှိုင်သည် ၁၉၉ဝ ရွေးကောက်ပွဲတွင်လည်း အင်းတော် မဲဆန္ဒနယ်မှ အနိုင်ရခဲ့သူတဦးဖြစ် သည်။ ၂ဝ၁၁ ခုနှစ် အောက်တိုဘာလက ကသာထောင်မှ ပြန်လည်လွတ်မြောက်လာသူဖြစ်သည်။

ဦးစောလှိုင်မှာ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့် အရေးအခင်းတွင် မဆလ အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရပြီး ထောင်ဒဏ် ၉ နှစ် အပြစ်ပေးခြင်းခံခဲ့ရသည်။

၁၉၉ဝ ရွေးကောက်ပွဲအပြီး စင်ပြိုင်အစိုးရဖွဲ့စည်းရေး လွှတ်တော်ကိုယ်စားလှယ်များး၏ လျို့ဝှက် အစည်းအဝေးများတွင် တက်ရောက်ခဲ့ခြင်းကြောင့် ထောင်ဒဏ်အပြစ်ပေးခြင်းခံခဲ့ရသလို လွှတ်တော်ကိုယ်စား ပြု ကော်မတီအရေး တက်ကြွစွာ ပါဝင်မှု၊ ၂ဝဝ၃ ခုနှစ် ဒီပဲယင်းအရေးအခင်း၊ ထို့နောက် ကွန်ပျူတာလက်ဝယ် ထားရှိမှု ပုံနှိပ်ဥပဒေ စသည်တို့ဖြင့် အစိုးရအဆက်ဆက်၏ ထောင်ချအပြစ်ပေးခြင်းအကြိမ်ကြိမ် ခဲ့ခဲ့ရသည့် ဗဟိုတရားရုံးချုပ် ရှေ့နေကြီး ဦးစောလှိုင်မှာ ရှေ့နေလိုင်စင် ရုတ်သိမ်းခြင်း ခံထားရ သူတဦးလည်း ဖြစ်သည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့အနီး ဂူရဂေါင်းမြို့လေးသို့ အသဲအစားထိုးကုသမှု ခံယူရန် ရောက်ရှိနေသည့် ဦးစောလှိုင် က “အခုရွေးကောက်ပွဲဟာ အရင်ရွေးကောက်ပွဲများထက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လိမ့်မယ်လို့ ကျနော့်အနေနဲ့ မျှော်လင့်ပြီးတော့ ဒီ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ဖို့အတွက် စာရင်းပေးသွင်းခဲ့ခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။

၁၉၉ဝ ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းသည် “နိုင်ငံသားဖြစ်ရမည်" ဟု ဖေါ်ပြထားပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေတွင်မူ "နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူ ဖြစ်ရမည်” ဟု တမူကွဲစွာ ဖေါ်ပြထားသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင် ၄၈ ဦးအနက် ၄၇ ဦးကို ကိုယ်စားလှယ်လောင်းများ အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာပြီးဖြစ်သည်။

Comments

Popular posts from this blog

Kaw Moo - a place for Aung San Suu Kyi for Bi-Election

အမိုး ဒေါ်သန်းသန်းလေး ဒေါ်အောင်ဆန်းစုကြည် ၏ မိသားစုဝင်များ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင် ဖို့ အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့ နယ်၊ ၀ါးသင်္ခ ကျေးရွာ မှာ ဒေါ်သန်းသန်းလေး အိမ်တွင် အိမ်ထောင်စု သန်းခေါင်စာရင်းဝင်ခဲ့သည်။ အခုလို သန်း ခေါင်စာရင်း ၀င်ခဲ့တဲ့ အတွက် မိသားစုဝင်ဖြစ်ကြတဲ့ အမိုး ဒေါ်သန်းသန်းလေး ရဲ့ ဝမ်းသာ ပီတိသံကို မေးကြည့်ရာ " " ဒီအိမ်မှာက မိသားစုဝင် စုစုပေါင်း ( ၉ ) ယောက်ရှိပါတယ်။ အကြီးဆုံးက ရီရီလွင်၊ ကျော်ဦးလွင်၊ နော်ကူးမ၊ ကျော်စွာမင်း၊ နော်ဖောလ၊ မယ်ပွား၊ မီးမီးပွား တို့ ဖြစ်ပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် တိုးလာပြီ။ အဲဒီအပေါ်မှာလည်း အရမ်းဝမ်းသာသလိုကျေးဇူးလည်း တင်တယ်၊ ၀ါသင်္ခရွာအနေနဲ့လည်း ဂုဏ်ယူတယ်၊ ၀မ်းလည်းသာသလို အားလည်းပေးကြတယ်၊ ကရင်တွေပီပီ တစ်ဦးချင်းမဟုတ်ပဲ အားလုံးတစ်ညီတစ်ညွတ်တည်း အားပေးကြတယ်၊ ဒီအိမ်ကို ဒေါ်အောင်ဆန်းစုကြည် တစ်ကြိမ်ပဲရောက်ဖူးသေးတယ်၊ သူ့ ကိုတွေ့ တွေ့ ချင်းအရမ်းဝမ်းသာတယ်၊ သူကလည်း ဒီအိမ်မှာ မိသားစုဝင်ဖြစ်တဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောပါတယ်။ အဲဒီနေ့ က သူအမျာြး...

Tint San corruption emerged -

အားကစားဝန်ကြီးဦးတင့်ဆန်း၏ လာဒ်စားမှုများပေါ်ပြီ (တိုင်ကြားစာ) from သစ်ထူးလွင် Myanmar News Now by သစ်ထူးလွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး နှင့် အားကစားဝန်ကြီး ဦးတင့်ဆန်း သည် နိုင်ငံတော်မှ ငွေကြေးအမြောက်အများကို လိမ်ယူထားသူဖြစ်ကြောင်း ၊ ပြည်သူ့ လွှတ်တော် အဆောက်အဦး အမှန်တကယ် ကုန်ကျငွေ၏ နှစ်ဆကျော်ခန့် ကုန်ကျကြောင်း၊ နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်းရှင်အသိုင်းအ၀ိုင်းမှသိရသည်။ လိမ်လည်မှုတွေနှင့် ပါတ်သတ်လို့  ဆောက်လုပ်ရေးအင်ဂျင်နီယာတဦး က Myanmar News Now ကို စာရေးသားပေးပို့ ထား ပါသည်။ ပေးပို့ လာတဲ့ စာကို အောက်မှာမူရင်းတိုင်း ဖော်ပြပေးလိုက်ပါသည်။ စာမှာ စာလုံးပေါင်း တချို့ မှားယွင်းမှုရှိနေတာကို စာဖတ်သူတို့  နားလည် ဖြည့်စွပ်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။ အားကစားဝန်ကြီးဦးတင့်ဆန်း လွှတ်တော်ဆောက်လုပ်စဉ်က လုပ်ငန်းခွင်မြင်ကွင်း u tint san's import news http://feeds.feedburner.com/thithtoolwin/yIWV

Zawtika Pipeline Project - Labor Dispute

ဇောတိက ပိုက်လိုင်းစီမံကိန်းမှ အလုပ်သမားများမှ တနသာင်္ရီတိုင်း ၀န်ကြီးချုပ်ထံပေးစာ.. from   ဒီမိုဝေယံ   by   ဒီမိုဝေယံ ဇောတိက သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်း မြင်ကွင်းတခု.. . ၀န်ကြီးချူပ် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီတိုင်း အကြောင်းအရာ။ ။ ဇောတိက သဘာဝဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်းလုပ်သားများ၏ နစ်နာမှုများနှင့် အခွင့်အရေးများအတွက် ညှိုနှိုင်းဖြေရှင်းပေးပါရန် တင်ပြခြင်း ကျွန်တော်တို့သည် ရေဖြူမြို့နယ်၊ ကန်ဘောက်ဒေသ PTTEPI မှ ဆောင်ရွက် အကောင်အထည်  ဖော်နေသော ဇောတိက သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်း စီမံကိန်းတွင် ၀င်ရောက် လုပ်ကိုင်နေသော လုပ်သားများနှင့် မိသားစုများ ဖြစ်ပါသည်။ စီမံကိန်းတွင် CPPB မှ ကန်ထရိုက်အဖြစ်ရရှိထားပြီး အလုပ်သမား ရှာဖွေ ခန့်ထားရေး ကိစ္စရပ်များတွင် AGS (Asia Guiding Star Co.ltd) မှ တဆင့်ခံ ကန်ထရိုက်အဖြစ် တာဝန်ယူ ဆောင်ရွက်နေပါသည်။ AGS မှ စီမံကိန်း လုပ်ငန်းများအတွက် လုပ်သားရေးရာ ကိစ္စများ တာဝန်ယူမှုတွင် လုပ်ခလစာနည်းပါးလွန်းခြင်း၊ အခြားခံစားခွင့်များ မရခြင်း၊ ကြမ်းတမ်းရိုင်းပြစွာ အမိန့်ပေးခိုင်းစေခြင်း တို့ကြောင့် ကျနော်တို့လုပ်သား...