Skip to main content

Suu at Thone Gwa for Daw Suu Suu Lwin

သုံးခွမြို့ လူထုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အချို့
Yangon Press International။ ဖေဖေါ်ဝါရီ ၂၆၊ ၂၀၁၂ (YPI)
ယနေ့မွန်းလွဲပိုင်းက သုံးခွမြို့သို့ စည်းရုံးရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့ရာ ညနေ ၅ နာရီခွဲမှ ၆နာရီမထိုးမီ အထိ မြို့ပြင် ပဲခင်းထဲတွင် လူထု ဟောပြောပွဲပြုလုပ်ခဲ့ရာတွင် ပြောကြားခဲ့ချက်အချို့ကို ကောက်နှုတ်ဖေါ်ပြလိုက်ပါသည်။(၁)
“ မဲတပြားကို မှားပြီးတော့လည်း မဖြစ်ပါစေနဲ့ ကြောက်လို့ပေးတာမျိုးလည်း မဖြစ်ပါစေနဲ့ ချော့ပြီးယူတာမျိုးလည်း မဖြစ်ပါစေနဲ့ ၊ ကိုယ့်ရဲ့ ဦးနှောက်နဲ့ရော နှလုံးနဲ့ပါ စဉ်းစားပါ၊ ဘယ်အဖွဲ့ကိုထောက်ခံမလဲ၊ ဘာဖြစ်လို့ ထောက်ခံမလဲ ဆိုတာ စဉ်းစားရမယ်။
ကျွန်မတို့ ဒီလိုပြောခြင်းအားဖြင့် ကျွန်မတို့ ကိုယ်စားလှယ်ကို တန်ဖိုးမထားတာ မဟုတ်ပါဘူး။ ”
(၂ )
“ မဲပေးတာဟာ လူပုဂ္ဂိုလ် တဦးတယောက်ထဲ မဟုတ်ပါဘူး၊ တကယ်အရေးကြီးတာက အဖွဲ့အစည်းတခုအတွက်ပေးရပါတယ်။ နိုင်ငံရေး အဖွဲ့အစည်းဟာ မူရှိရတယ်။ အစဉ်အလာရှိရတယ်၊ ဘယ်လိုလုပ်ခဲ့တယ်ဆိုတဲ့ သမိုင်းလည်း ရှိရတယ်”

(၃)
“ ၁၉၉၀ ခုနှစ် လွပ်လပ်တဲ့ ရွေးကောက်ပွဲမှာ ကျွန်မကြိုတင်မဲပဲ ပေးပိုင်ခွင့်ရှိခဲ့တယ်၊ ၂၀၁၀ မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့လို့ ကျွန်မ လုံးဝမဲမပေးခဲ့ပါဘူး၊ ဒါကြောင့် ဒီကြားဖြတ်ရွေးကောက်ပွဲက ကျွန်မတသက်လုံးမှာ ပထမဆုံးအကြိမ် လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့်ရတဲ့ အကြိမ်ဖြစ်ပါတယ် ”

(၄)
“ ကျွန်မ သတိပေးမယ်နော် သိပ်ပြီး ကတိပေးတဲ့ အဖွဲ့တွေဆို မဲမပေးနဲ့၊ ဒါလေး လုပ်ပေးမယ်၊ ဟိုဟာလေး လုပ်ပေးမယ် ချော့ပြီးတောင်းတာပေါ့နော်၊  ချော့ပြီး တောင်းတာက သိပ်မဆိုးသေးဘူး ခြောက်ပြီးတောင်းတာ တော်တော်ဆိုးတယ်နော်၊ မဲပေးလို့ရှိရင် လုံးဝမကြောက်ပါနဲ့၊ မဲပေးတဲ့အခါ ဘယ်ပုံးထဲကိုထည့်တယ်ဆိုတာ ဘယ်သူမှ သိနိုင်တာမဟုတ်ပါဘူး၊ ခြောက်ရင်လည်း ကြောက်ချင်ယောင် ဆောင်လိုက်၊ မဲပေးတဲ့အခါ ဒေါ်စုစုလွင်ကိုပဲ မဲပေးပါ ”
YPI
(သုံးခွမြို့နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်မယ့်သူက ယခင် အန်အယ်လ်ဒီ ပါတီ အတွင်းရေးမှူး ဦးလွင်ရဲ့ သမီးဖြစ်သူ ဒေါ်စုစုလွင်ပါ။  ဒေါ်စုစုလွင်ကို မဲပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ဟောပြောချက်ထဲမှာ ထည့်သွင်းပြောဆိုသွားပါတယ်)

Comments

Popular posts from this blog

Kaw Moo - a place for Aung San Suu Kyi for Bi-Election

အမိုး ဒေါ်သန်းသန်းလေး ဒေါ်အောင်ဆန်းစုကြည် ၏ မိသားစုဝင်များ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင် ဖို့ အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့ နယ်၊ ၀ါးသင်္ခ ကျေးရွာ မှာ ဒေါ်သန်းသန်းလေး အိမ်တွင် အိမ်ထောင်စု သန်းခေါင်စာရင်းဝင်ခဲ့သည်။ အခုလို သန်း ခေါင်စာရင်း ၀င်ခဲ့တဲ့ အတွက် မိသားစုဝင်ဖြစ်ကြတဲ့ အမိုး ဒေါ်သန်းသန်းလေး ရဲ့ ဝမ်းသာ ပီတိသံကို မေးကြည့်ရာ " " ဒီအိမ်မှာက မိသားစုဝင် စုစုပေါင်း ( ၉ ) ယောက်ရှိပါတယ်။ အကြီးဆုံးက ရီရီလွင်၊ ကျော်ဦးလွင်၊ နော်ကူးမ၊ ကျော်စွာမင်း၊ နော်ဖောလ၊ မယ်ပွား၊ မီးမီးပွား တို့ ဖြစ်ပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် တိုးလာပြီ။ အဲဒီအပေါ်မှာလည်း အရမ်းဝမ်းသာသလိုကျေးဇူးလည်း တင်တယ်၊ ၀ါသင်္ခရွာအနေနဲ့လည်း ဂုဏ်ယူတယ်၊ ၀မ်းလည်းသာသလို အားလည်းပေးကြတယ်၊ ကရင်တွေပီပီ တစ်ဦးချင်းမဟုတ်ပဲ အားလုံးတစ်ညီတစ်ညွတ်တည်း အားပေးကြတယ်၊ ဒီအိမ်ကို ဒေါ်အောင်ဆန်းစုကြည် တစ်ကြိမ်ပဲရောက်ဖူးသေးတယ်၊ သူ့ ကိုတွေ့ တွေ့ ချင်းအရမ်းဝမ်းသာတယ်၊ သူကလည်း ဒီအိမ်မှာ မိသားစုဝင်ဖြစ်တဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောပါတယ်။ အဲဒီနေ့ က သူအမျာြး...

Tint San corruption emerged -

အားကစားဝန်ကြီးဦးတင့်ဆန်း၏ လာဒ်စားမှုများပေါ်ပြီ (တိုင်ကြားစာ) from သစ်ထူးလွင် Myanmar News Now by သစ်ထူးလွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး နှင့် အားကစားဝန်ကြီး ဦးတင့်ဆန်း သည် နိုင်ငံတော်မှ ငွေကြေးအမြောက်အများကို လိမ်ယူထားသူဖြစ်ကြောင်း ၊ ပြည်သူ့ လွှတ်တော် အဆောက်အဦး အမှန်တကယ် ကုန်ကျငွေ၏ နှစ်ဆကျော်ခန့် ကုန်ကျကြောင်း၊ နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်းရှင်အသိုင်းအ၀ိုင်းမှသိရသည်။ လိမ်လည်မှုတွေနှင့် ပါတ်သတ်လို့  ဆောက်လုပ်ရေးအင်ဂျင်နီယာတဦး က Myanmar News Now ကို စာရေးသားပေးပို့ ထား ပါသည်။ ပေးပို့ လာတဲ့ စာကို အောက်မှာမူရင်းတိုင်း ဖော်ပြပေးလိုက်ပါသည်။ စာမှာ စာလုံးပေါင်း တချို့ မှားယွင်းမှုရှိနေတာကို စာဖတ်သူတို့  နားလည် ဖြည့်စွပ်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။ အားကစားဝန်ကြီးဦးတင့်ဆန်း လွှတ်တော်ဆောက်လုပ်စဉ်က လုပ်ငန်းခွင်မြင်ကွင်း u tint san's import news http://feeds.feedburner.com/thithtoolwin/yIWV

Zawtika Pipeline Project - Labor Dispute

ဇောတိက ပိုက်လိုင်းစီမံကိန်းမှ အလုပ်သမားများမှ တနသာင်္ရီတိုင်း ၀န်ကြီးချုပ်ထံပေးစာ.. from   ဒီမိုဝေယံ   by   ဒီမိုဝေယံ ဇောတိက သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်း မြင်ကွင်းတခု.. . ၀န်ကြီးချူပ် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီတိုင်း အကြောင်းအရာ။ ။ ဇောတိက သဘာဝဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်းလုပ်သားများ၏ နစ်နာမှုများနှင့် အခွင့်အရေးများအတွက် ညှိုနှိုင်းဖြေရှင်းပေးပါရန် တင်ပြခြင်း ကျွန်တော်တို့သည် ရေဖြူမြို့နယ်၊ ကန်ဘောက်ဒေသ PTTEPI မှ ဆောင်ရွက် အကောင်အထည်  ဖော်နေသော ဇောတိက သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်း စီမံကိန်းတွင် ၀င်ရောက် လုပ်ကိုင်နေသော လုပ်သားများနှင့် မိသားစုများ ဖြစ်ပါသည်။ စီမံကိန်းတွင် CPPB မှ ကန်ထရိုက်အဖြစ်ရရှိထားပြီး အလုပ်သမား ရှာဖွေ ခန့်ထားရေး ကိစ္စရပ်များတွင် AGS (Asia Guiding Star Co.ltd) မှ တဆင့်ခံ ကန်ထရိုက်အဖြစ် တာဝန်ယူ ဆောင်ရွက်နေပါသည်။ AGS မှ စီမံကိန်း လုပ်ငန်းများအတွက် လုပ်သားရေးရာ ကိစ္စများ တာဝန်ယူမှုတွင် လုပ်ခလစာနည်းပါးလွန်းခြင်း၊ အခြားခံစားခွင့်များ မရခြင်း၊ ကြမ်းတမ်းရိုင်းပြစွာ အမိန့်ပေးခိုင်းစေခြင်း တို့ကြောင့် ကျနော်တို့လုပ်သား...