Skip to main content

Kaw Moo, Aung San Suu Kyi and Dr Soe Minn

ကြားဖြတ်ရွေးကောက်ပွဲ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်တိုင်းရင်းသားများနေထိုင်ရာ ကော့မှူးမြို့နယ်၊ ၀ါးသင်္ခကျေးရွာ
from Karen Newsletter / အယ်ဂလယ်မူး၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၁၂
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ခုနှစ်၊ ဧပြီလ (၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကြား ဖြတ်ရွေးကောက်ပွဲ၌ရန်ကုန်တိုင်းဒေသကြီး၊ တောင် ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဒေါ်အောင်ဆန်းစု ကြည်၏ အဓိကယှဉ်ပြိုင်ဘက် ဖြစ်လာမည့်သူမှာ ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာစိုးမင်း ဖြစ်သည်။ စည်းမျဉ်းစည်းကမ်းများအရ ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ်သို့ အိမ်ထောင်စုဇယား(ပုံစံ-၁၀) ပြောင်းရွှေ့ရသည်။
ကော့မှူးမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ရခြင်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများအား ပြောကြားချက်အ ချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။ “ကော့မှူးက ပြိုင်မယ်ဆိုတော့ အဲဒီမှာပဲ မဲထည့်ရမယ်။ မဲထည့်ရမယ်ဆိုတော့ အန်တီက အဓိက ကတော့ အဲဒီရွာ(၀ါးသင်္ခကျေးရွာ)ကို ရွေးတာကတော့ ကရင်တိုင်းရင်းသားတွေ ရွာမို့လို့ပါ။” ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အ ဖြစ် ကော့မှူးမြို့နယ်သို့ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အနည်းဆုံး (၃)ကြိမ် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ရက်၊ စနေနေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ်သို့ ရွေးကောက်ပွဲအကြို၊ မဲဆွယ်စည်းရုံး ရေး ခရီးစဉ်အဖြစ် ပထမဆုံးအကြိမ် လာရောက်ခဲ့ရာ ဒေသခံ ပြည်သူလူထု ထောင်ပေါင်းများစွာတို့မှ ဒေါ်အောင်ဆန်းစုကြည်အား နွေး ထွေးလှိုက်လှဲစွာ အားပေးထောက်ခံကြိုဆိုခဲ့ကြပါသည်။ ကော့မှူးမြို့နယ် စည်းရုံးရေးခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ကရင် တိုင်းရင်းသားဝတ်စုံကို ၀တ်ဆင်လာခဲ့ပါသည်။ ကော့မှူးမြို့နယ်သည် ကရင်တိုင်းရင်းသား အများအပြား နေထိုင်ရာဒေသ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် မဲထည့်ရန် ရွေးချယ်ထားသော ကော့မှူးမြို့နယ်၊ ၀ါးသင်္ခကျေးရွာအကြောင်း အကျဉ်းမျှ ဖော်ပြလိုက်သည်။
ဝါးသင်္ခရွာနှင့် ကော့မှူးမြို့သည် ၁၆မိုင်နှင့် ၁ဖာလုံမျှသာ ကွာဝေးပြီး ကျိုက်ထော်နှင့် ၀ါးသင်္ခသည် အရှေ့နှင့် အနောက် ကျောချင်းကပ် နေကြသည်။ ကော့မှူးမြို့သည် ရန်ကုန်-ဒလ-တောတန်း ကားလမ်းပေါ်တွင် တည်ရှိပြီး တွံတေးနှင့် ရန်ကုန်သို့ အလွယ်တကူ သွားလာ နိုင်သည်။ ထို့ပြင်မက တောင်ဘက်ရှိ ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းသို့လည်း အသွားအလာ လွယ်ကူသော မြို့တစ်မြို့ ဖြစ်သည်။
ကော့မှူးမြို့နယ်၊ ၀ါးသင်္ခရွာနှင့် ကျောချင်းကပ်လျက်ရှိသော ကျိုက်ထော်ရွာသည် ဧရာဝတီမြစ်ကမ်းနဖူးပေါ်တွင် တည်ရှိပြီး ဖျာပုံ၊ ဘိုက လေး၊ ကျိုက်လတ် စသည့် မြစ်ဝကျွန်းပေါ်ဒေသများသို့ သင်္ဘေင်္ာများဖြင့် အစဉ်အမြဲ သွားလာ၍ လွယ်ကူသောနေရာ ဖြစ်ပါသည်။ ကော့ မှူးမြို့သည် ရန်ကုန်တိုင်း၏ အနောက်တောင်ဘက်အစွန်းတွင် တည်ရှိပြီး တွံတေးမြို့နှင့် ကွမ်းခြံကုန်းတို့၏ အလယ်ဗဟိုတွင်ရှိကာ အလွန် နှစ်လိုဖွယ်ကောင်းသည့် မြို့လေးတစ်မြို့ ဖြစ်သည်။
ကော့မှူးမြို့သည် ယခင်က ကွမ်းခြံကုန်းမြို့နယ်တွင် ပါဝင်ခဲ့ပြီး မြို့နယ်အဖြစ်သို့ တိုးတက်ပြောင်းလဲ သတ်မှတ်ခြင်းခံရပြီးနောက် ၁၉၉၄ခု နှစ်၊ စာရင်းအရ လူဦးရေ (၁၀၇,၀၀၀)ကျော်ရှိ၍ တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်လျက်ရှိသော မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်အ တွင်း ကရင်တိုင်းရင်းသား အများအပြား နေထိုင်ကြပြီး ၀ါးသင်္ခကျေးရွာသည် ကရင်လူမျိုးများ နေထိုင်ကြသော ကျေးရွာတစ်ရွာဖြစ်သည်။ ၀ါးသင်္ခကျေးရွာသားများသည် မျိုးချစ်စိတ်ဓာတ် ထက်သန်ကြသူများဖြစ်ပြီး ကရင်ရိုးရာယဉ်ကျေးမှု အထိမ်းအမှတ် ကျောက်စာတိုင်ကြီး တစ်ခုကို တည်ဆောက်ထားကြသည်။

Comments

Popular posts from this blog

Kaw Moo - a place for Aung San Suu Kyi for Bi-Election

အမိုး ဒေါ်သန်းသန်းလေး ဒေါ်အောင်ဆန်းစုကြည် ၏ မိသားစုဝင်များ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင် ဖို့ အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့ နယ်၊ ၀ါးသင်္ခ ကျေးရွာ မှာ ဒေါ်သန်းသန်းလေး အိမ်တွင် အိမ်ထောင်စု သန်းခေါင်စာရင်းဝင်ခဲ့သည်။ အခုလို သန်း ခေါင်စာရင်း ၀င်ခဲ့တဲ့ အတွက် မိသားစုဝင်ဖြစ်ကြတဲ့ အမိုး ဒေါ်သန်းသန်းလေး ရဲ့ ဝမ်းသာ ပီတိသံကို မေးကြည့်ရာ " " ဒီအိမ်မှာက မိသားစုဝင် စုစုပေါင်း ( ၉ ) ယောက်ရှိပါတယ်။ အကြီးဆုံးက ရီရီလွင်၊ ကျော်ဦးလွင်၊ နော်ကူးမ၊ ကျော်စွာမင်း၊ နော်ဖောလ၊ မယ်ပွား၊ မီးမီးပွား တို့ ဖြစ်ပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် တိုးလာပြီ။ အဲဒီအပေါ်မှာလည်း အရမ်းဝမ်းသာသလိုကျေးဇူးလည်း တင်တယ်၊ ၀ါသင်္ခရွာအနေနဲ့လည်း ဂုဏ်ယူတယ်၊ ၀မ်းလည်းသာသလို အားလည်းပေးကြတယ်၊ ကရင်တွေပီပီ တစ်ဦးချင်းမဟုတ်ပဲ အားလုံးတစ်ညီတစ်ညွတ်တည်း အားပေးကြတယ်၊ ဒီအိမ်ကို ဒေါ်အောင်ဆန်းစုကြည် တစ်ကြိမ်ပဲရောက်ဖူးသေးတယ်၊ သူ့ ကိုတွေ့ တွေ့ ချင်းအရမ်းဝမ်းသာတယ်၊ သူကလည်း ဒီအိမ်မှာ မိသားစုဝင်ဖြစ်တဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောပါတယ်။ အဲဒီနေ့ က သူအမျာြး...

Tint San corruption emerged -

အားကစားဝန်ကြီးဦးတင့်ဆန်း၏ လာဒ်စားမှုများပေါ်ပြီ (တိုင်ကြားစာ) from သစ်ထူးလွင် Myanmar News Now by သစ်ထူးလွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး နှင့် အားကစားဝန်ကြီး ဦးတင့်ဆန်း သည် နိုင်ငံတော်မှ ငွေကြေးအမြောက်အများကို လိမ်ယူထားသူဖြစ်ကြောင်း ၊ ပြည်သူ့ လွှတ်တော် အဆောက်အဦး အမှန်တကယ် ကုန်ကျငွေ၏ နှစ်ဆကျော်ခန့် ကုန်ကျကြောင်း၊ နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်းရှင်အသိုင်းအ၀ိုင်းမှသိရသည်။ လိမ်လည်မှုတွေနှင့် ပါတ်သတ်လို့  ဆောက်လုပ်ရေးအင်ဂျင်နီယာတဦး က Myanmar News Now ကို စာရေးသားပေးပို့ ထား ပါသည်။ ပေးပို့ လာတဲ့ စာကို အောက်မှာမူရင်းတိုင်း ဖော်ပြပေးလိုက်ပါသည်။ စာမှာ စာလုံးပေါင်း တချို့ မှားယွင်းမှုရှိနေတာကို စာဖတ်သူတို့  နားလည် ဖြည့်စွပ်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။ အားကစားဝန်ကြီးဦးတင့်ဆန်း လွှတ်တော်ဆောက်လုပ်စဉ်က လုပ်ငန်းခွင်မြင်ကွင်း u tint san's import news http://feeds.feedburner.com/thithtoolwin/yIWV

Zawtika Pipeline Project - Labor Dispute

ဇောတိက ပိုက်လိုင်းစီမံကိန်းမှ အလုပ်သမားများမှ တနသာင်္ရီတိုင်း ၀န်ကြီးချုပ်ထံပေးစာ.. from   ဒီမိုဝေယံ   by   ဒီမိုဝေယံ ဇောတိက သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်း မြင်ကွင်းတခု.. . ၀န်ကြီးချူပ် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီတိုင်း အကြောင်းအရာ။ ။ ဇောတိက သဘာဝဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်းလုပ်သားများ၏ နစ်နာမှုများနှင့် အခွင့်အရေးများအတွက် ညှိုနှိုင်းဖြေရှင်းပေးပါရန် တင်ပြခြင်း ကျွန်တော်တို့သည် ရေဖြူမြို့နယ်၊ ကန်ဘောက်ဒေသ PTTEPI မှ ဆောင်ရွက် အကောင်အထည်  ဖော်နေသော ဇောတိက သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်း စီမံကိန်းတွင် ၀င်ရောက် လုပ်ကိုင်နေသော လုပ်သားများနှင့် မိသားစုများ ဖြစ်ပါသည်။ စီမံကိန်းတွင် CPPB မှ ကန်ထရိုက်အဖြစ်ရရှိထားပြီး အလုပ်သမား ရှာဖွေ ခန့်ထားရေး ကိစ္စရပ်များတွင် AGS (Asia Guiding Star Co.ltd) မှ တဆင့်ခံ ကန်ထရိုက်အဖြစ် တာဝန်ယူ ဆောင်ရွက်နေပါသည်။ AGS မှ စီမံကိန်း လုပ်ငန်းများအတွက် လုပ်သားရေးရာ ကိစ္စများ တာဝန်ယူမှုတွင် လုပ်ခလစာနည်းပါးလွန်းခြင်း၊ အခြားခံစားခွင့်များ မရခြင်း၊ ကြမ်းတမ်းရိုင်းပြစွာ အမိန့်ပေးခိုင်းစေခြင်း တို့ကြောင့် ကျနော်တို့လုပ်သား...