Skip to main content

NLD opend Taung Dwin Gyi Office, Magwe Region

တောင်တွင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးဖွင့်ပွဲနှင့် ပါတီဆိုင်းဘုတ်တင်ပွဲ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးဖွင့်ပွဲနှင့် ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၂၅ မိနစ်တွင် တောင်တွင်းကြီးမြို့ ရွှေအိုး(၁) ရပ်ကွက်ဗိုလ်ချုပ်လမ်းရှိ၊ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျောက်ခဲ(ခ) ဦးသောင်းစိန်၏ နေအိမ်တွင် ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုနာယက ဦးဝင်းတင်၊ ဒေါ်ဖြူဖြူသင်း၊ တောင်တွင်းကြီးမြို့နယ် အမှတ် (၄) မဲဆန္ဒနယ်မှဝင်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်ညွန့်၊ စာရေးဆရာ ကဗျာဆရာ ငြိမ်းသက်၊ ကဗျာဆရာ တင်ဝင်းတို့သည် ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့က တောင်တွင်းကြီးမြို့သို့ ရောက်ရှိလာသည်။ တောင်တွင်းကြီးမြို့အဝင်၌ပင် ကြိုဆိုသူများ ထောင်နှင့်ချှီ၍ ရှိသည်။ လမ်းတလျောက်တွင် အိုးစည်ဒိုးပတ်များ၊ မြန်မာ့ရိုးရာအကများဖြင့် ကြိုဆိုကြသည်။ အသံချဲ့စက်များဖြင့်လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ နာယကကြီးဦးဝင်းတင် ကျန်းမာပါစေ၊ တိုင်းပြည်အကျိုးဆထက်တမ်းပိုး ထမ်းဆောင်နိုင်ပါစေဟု အော်ဟစ်ကာ လမ်းဘေးမှကြိုဆိုကြသည်။ ထို့နောက် အဖွဲ့ချုပ်ရုံးတွင် နာယကကြီး ဦးဝင်းတင်က မိန့်ခွန်းပြောသည်။ ထို့နောက် ဒေါ်ဖြူဖြူသင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်ညွန့် တို့ကလည်း မဲဆွယ်စည်းရုံးရေးတရားများ ဟောပြောကြသည်။ ယင်းဖွင့်ပွဲသို့ ရေနံချောင်း၊ မြို့သစ်၊ နတ်မောက်၊ မကွေးမြို့များမှ ပါတီဝင် အဟောင်းအသစ်များ၊ တောင်တွင်းကြီးမြို့နယ်နှင့် ကျေးရွာအုပ်စုများမှ ပြည်သူလူထုများ၊ တိုင်းရင်းသားလူမျိုးများ စုစုပေါင်းအင်အား ၂၀၀၀ ကျော်တက်ရောက်ခဲ့ပြီး၊ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

Comments

Popular posts from this blog

Zayar Thaw Profile for 2012 April Election

U Saw Hlaing to appeal for rejection from USDP election

from Burma News International | Burmese Version by bniwebmaster@yahoo.com (မဇ္ဈိမ) လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ခရိုင် ရွေးကောက်ပွဲကော်မရှင်မှ ပယ်ချခြင်း ခံရသည့် စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော် ၇ ကိုယ်စားလှယ်လောင်း ဦးစောလှိုင်၏အမှုကို တိုင်းကော်မရှင်သို့ တင်သွင်း အယူခံဝင် သွားမည်ဟု ရှေ့နေကြီး ဦးကိုနီက မဇ္ဈိမကို ပြောသည်။ "တိုင်းဒေသကြီး ကော်မရှင်မှာ အယူခံလည်းတင်မယ်။ အထောက်အထားတွေလည်း တင်ပြီးတော့ ကျနော်တို့ ဆက်ပြီးတော့ ကြိုစားကြည့်မယ်" ဟု ဦးကိုနီက ပြောသည်။ ကသာခရိုင် ရွေးကောက်ပွဲကော်မရှင်မှ ဦးစောလှိုင်၏ ဖခင်ဖြစ်သူသည် ဦးစောလှိုင် မွေးဖွားသည့် ၁၉၅၆ ခုနှစ်က မြန်မာနိုင်ငံသား မဟုတ်ခဲ့ ဟူသည့် စွပ်စွဲချက်ဖြင့် ပယ်ချခံရခြင်းဟု ကြားသိနေရသော်လည်း ကာယကံရှင်ထံသို့ ကန့်ကွက်လွှာ ရောက်ရှိမလာသေးဟုလည်း ဦးကိုနီ က ပြောသည်။ သို့သော် ဦးစောလှိုင်၏ ဖခင်မှာ ၁၉၅၅ ခုနှစ် ကတည်းက တိုင်းရင်းသားလက်မှတ် ရရှိပြီးဖြစ်ပြီး အထောက် အထားများ လည်း ရှိပြီးဖြစ်သည်ဟုလည်း ဦးကိုနီက ပြောသည်။ "တကယ်ဆိုရင်တော့ ကိုစောလှိုင်ကို မွေးတဲ့အချိန်မှာ အဖေကော အမေကော တိုင်းရင်းသားတွေချည်းပဲ။ တရားဝင် စ

Suu at Thone Gwa for Daw Suu Suu Lwin

သုံးခွမြို့ လူထုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အချို့ Yangon Press International။ ဖေဖေါ်ဝါရီ ၂၆၊ ၂၀၁၂ (YPI) ယနေ့မွန်းလွဲပိုင်းက သုံးခွမြို့သို့ စည်းရုံးရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့ရာ ညနေ ၅ နာရီခွဲမှ ၆နာရီမထိုးမီ အထိ မြို့ပြင် ပဲခင်းထဲတွင် လူထု ဟောပြောပွဲပြုလုပ်ခဲ့ရာတွင် ပြောကြားခဲ့ချက်အချို့ကို ကောက်နှုတ်ဖေါ်ပြလိုက်ပါသည်။ (၁) “ မဲတပြားကို မှားပြီးတော့လည်း မဖြစ်ပါစေနဲ့ ကြောက်လို့ပေးတာမျိုးလည်း မဖြစ်ပါစေနဲ့ ချော့ပြီးယူတာမျိုးလည်း မဖြစ်ပါစေနဲ့ ၊ ကိုယ့်ရဲ့ ဦးနှောက်နဲ့ရော နှလုံးနဲ့ပါ စဉ်းစားပါ၊ ဘယ်အဖွဲ့ကိုထောက်ခံမလဲ၊ ဘာဖြစ်လို့ ထောက်ခံမလဲ ဆိုတာ စဉ်းစားရမယ်။ ကျွန်မတို့ ဒီလိုပြောခြင်းအားဖြင့် ကျွန်မတို့ ကိုယ်စားလှယ်ကို တန်ဖိုးမထားတာ မဟုတ်ပါဘူး။ ” (၂ ) “ မဲပေးတာဟာ လူပုဂ္ဂိုလ် တဦးတယောက်ထဲ မဟုတ်ပါဘူး၊ တကယ်အရေးကြီးတာက အဖွဲ့အစည်းတခုအတွက်ပေးရပါတယ်။ နိုင်ငံရေး အဖွဲ့အစည်းဟာ မူရှိရတယ်။ အစဉ်အလာရှိရတယ်၊ ဘယ်လိုလုပ်ခဲ့တယ်ဆိုတဲ့ သမိုင်းလည်း ရှိရတယ်” (၃) “ ၁၉၉၀ ခုနှစ် လွပ်လပ်တဲ့ ရွေးကောက်ပွဲမှာ ကျွန်မကြိုတင်မဲပဲ ပေးပိုင်ခွင့်ရှိခဲ့တယ်၊ ၂၀၁၀ မှာ