Skip to main content

Nay Yi Ba Swe joins NLD today

ဒေါ်နေရီဗဆွေလည်း NLD ပါတီဝင်ပြီ
မိုးမခအထောက်တော် အမှတ် ဝဝ၇
ဖေဖော်ဝါရီ ၂၂၊ ၂၀၁၂

ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီဗဆွေနှင့် ဒေါ်သန်းသန်းနု (Photograph: Jack Davies for the Guardian)

NLD က ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ ခေါင်းဆောင်တဦးဖြစ်သူ ဒေါ်နေရီဗဆွေအား ပါတီဝင်အဖြစ် အသိအမှတ် ပြုလိုက်ကြောင်း သိရသည်။

''သူ့ကို လက်ခံပြီးပြီ။ သူ ပါတီဝင် မလျှောက်ခင်ကတည်း က ကျွန်တော်တို့နဲ့ တွေ့ပါ တယ်။ ကျွန်တော်တို့က သူ့ကို လျှောက်လွှာတင်တာနဲ့ တစ်ခါတည်း လက်ခံလိုက် တယ်'' ဟု NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဥာဏ်ဝင်းက တနင်္လာနေ့ NLD သတင်းစာရှင်းလင်းပွဲတွင် ပြောလိုက်ကြောင်း
ပေါ်ပြူလာနယူးစ် ဂျာနယ် facebook စာမျက်နှာတွင် ယနေ့ညနေပိုင်းက ဖော်ပြထားသည်။

ဒေါ်နေရီဗဆွေသည် ဒီမိုကရက်တစ်ပါတီ(မြန်မာ) တွင် ခေါင်းဆောင်ပိုင်းနေရာတွင် ပါဝင်ခဲ့သူဖြစ်ပြီး ယခု ထိုပါတီတာဝန်များ ဆက်လက် ထမ်းဆောင်ခြင်း ရှိမရှိ မသိရသေးပေ။
၎င်းသည် ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ၏ သမီးဖြစ်ပြီး ၁၉၇၀ နောက်ပိုင်း ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရသည်။

၁၉၉၀၊ ၂၀၁၀ ရွေးကောက်ပွဲတို့တွင် ပါဝင် ယှဉ်ပြိုင်ခဲ့သော်လည်း ရွေးချယ်ခြင်း မခံခဲ့ရပေ။

မြန်မာပြည်နိုင်ငံရေးတွင် အမြဲပါဝင်လေ့ရှိသူ
ဒေါ်နေရီဗဆွေက NLD နှင့် ပူးပေါင်းလိုက်သော်လည်း သူ၏ လုပ်ဖော်ကိုင်ဘက်များ ဖြစ်သော ဒေါ်သန်းသန်းနု (၀န်ကြီးချုပ်ဟောင်းဦးနု၏ သမီး)၊ ဒေါ်ချိုချိုကျော်ငြိမ်း (ဒု ၀န်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ သမီး) တို့ NLD ပါတီ ၀င်ရန် အစီအစဉ် ရှိမရှိ မသိရသေးပေ။

NLD က ထင်ရှားသည့် နိုင်ငံရေးသမား
တဦး ဖြစ်သော ဒေါက်တာမြတ်ဉာဏစိုးဒါက်တာမြတ်ဉာဏစိုးအား ပါတီဝင်အဖြစ် အသိအမှတ် ပြုလိုက်ကြောင်း တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောလိုက်သည်။

Comments

Popular posts from this blog

Kaw Moo - a place for Aung San Suu Kyi for Bi-Election

အမိုး ဒေါ်သန်းသန်းလေး ဒေါ်အောင်ဆန်းစုကြည် ၏ မိသားစုဝင်များ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင် ဖို့ အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့ နယ်၊ ၀ါးသင်္ခ ကျေးရွာ မှာ ဒေါ်သန်းသန်းလေး အိမ်တွင် အိမ်ထောင်စု သန်းခေါင်စာရင်းဝင်ခဲ့သည်။ အခုလို သန်း ခေါင်စာရင်း ၀င်ခဲ့တဲ့ အတွက် မိသားစုဝင်ဖြစ်ကြတဲ့ အမိုး ဒေါ်သန်းသန်းလေး ရဲ့ ဝမ်းသာ ပီတိသံကို မေးကြည့်ရာ " " ဒီအိမ်မှာက မိသားစုဝင် စုစုပေါင်း ( ၉ ) ယောက်ရှိပါတယ်။ အကြီးဆုံးက ရီရီလွင်၊ ကျော်ဦးလွင်၊ နော်ကူးမ၊ ကျော်စွာမင်း၊ နော်ဖောလ၊ မယ်ပွား၊ မီးမီးပွား တို့ ဖြစ်ပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် တိုးလာပြီ။ အဲဒီအပေါ်မှာလည်း အရမ်းဝမ်းသာသလိုကျေးဇူးလည်း တင်တယ်၊ ၀ါသင်္ခရွာအနေနဲ့လည်း ဂုဏ်ယူတယ်၊ ၀မ်းလည်းသာသလို အားလည်းပေးကြတယ်၊ ကရင်တွေပီပီ တစ်ဦးချင်းမဟုတ်ပဲ အားလုံးတစ်ညီတစ်ညွတ်တည်း အားပေးကြတယ်၊ ဒီအိမ်ကို ဒေါ်အောင်ဆန်းစုကြည် တစ်ကြိမ်ပဲရောက်ဖူးသေးတယ်၊ သူ့ ကိုတွေ့ တွေ့ ချင်းအရမ်းဝမ်းသာတယ်၊ သူကလည်း ဒီအိမ်မှာ မိသားစုဝင်ဖြစ်တဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောပါတယ်။ အဲဒီနေ့ က သူအမျာြး...

Tint San corruption emerged -

အားကစားဝန်ကြီးဦးတင့်ဆန်း၏ လာဒ်စားမှုများပေါ်ပြီ (တိုင်ကြားစာ) from သစ်ထူးလွင် Myanmar News Now by သစ်ထူးလွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး နှင့် အားကစားဝန်ကြီး ဦးတင့်ဆန်း သည် နိုင်ငံတော်မှ ငွေကြေးအမြောက်အများကို လိမ်ယူထားသူဖြစ်ကြောင်း ၊ ပြည်သူ့ လွှတ်တော် အဆောက်အဦး အမှန်တကယ် ကုန်ကျငွေ၏ နှစ်ဆကျော်ခန့် ကုန်ကျကြောင်း၊ နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်းရှင်အသိုင်းအ၀ိုင်းမှသိရသည်။ လိမ်လည်မှုတွေနှင့် ပါတ်သတ်လို့  ဆောက်လုပ်ရေးအင်ဂျင်နီယာတဦး က Myanmar News Now ကို စာရေးသားပေးပို့ ထား ပါသည်။ ပေးပို့ လာတဲ့ စာကို အောက်မှာမူရင်းတိုင်း ဖော်ပြပေးလိုက်ပါသည်။ စာမှာ စာလုံးပေါင်း တချို့ မှားယွင်းမှုရှိနေတာကို စာဖတ်သူတို့  နားလည် ဖြည့်စွပ်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။ အားကစားဝန်ကြီးဦးတင့်ဆန်း လွှတ်တော်ဆောက်လုပ်စဉ်က လုပ်ငန်းခွင်မြင်ကွင်း u tint san's import news http://feeds.feedburner.com/thithtoolwin/yIWV

Zawtika Pipeline Project - Labor Dispute

ဇောတိက ပိုက်လိုင်းစီမံကိန်းမှ အလုပ်သမားများမှ တနသာင်္ရီတိုင်း ၀န်ကြီးချုပ်ထံပေးစာ.. from   ဒီမိုဝေယံ   by   ဒီမိုဝေယံ ဇောတိက သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်း မြင်ကွင်းတခု.. . ၀န်ကြီးချူပ် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီတိုင်း အကြောင်းအရာ။ ။ ဇောတိက သဘာဝဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်းလုပ်သားများ၏ နစ်နာမှုများနှင့် အခွင့်အရေးများအတွက် ညှိုနှိုင်းဖြေရှင်းပေးပါရန် တင်ပြခြင်း ကျွန်တော်တို့သည် ရေဖြူမြို့နယ်၊ ကန်ဘောက်ဒေသ PTTEPI မှ ဆောင်ရွက် အကောင်အထည်  ဖော်နေသော ဇောတိက သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်း စီမံကိန်းတွင် ၀င်ရောက် လုပ်ကိုင်နေသော လုပ်သားများနှင့် မိသားစုများ ဖြစ်ပါသည်။ စီမံကိန်းတွင် CPPB မှ ကန်ထရိုက်အဖြစ်ရရှိထားပြီး အလုပ်သမား ရှာဖွေ ခန့်ထားရေး ကိစ္စရပ်များတွင် AGS (Asia Guiding Star Co.ltd) မှ တဆင့်ခံ ကန်ထရိုက်အဖြစ် တာဝန်ယူ ဆောင်ရွက်နေပါသည်။ AGS မှ စီမံကိန်း လုပ်ငန်းများအတွက် လုပ်သားရေးရာ ကိစ္စများ တာဝန်ယူမှုတွင် လုပ်ခလစာနည်းပါးလွန်းခြင်း၊ အခြားခံစားခွင့်များ မရခြင်း၊ ကြမ်းတမ်းရိုင်းပြစွာ အမိန့်ပေးခိုင်းစေခြင်း တို့ကြောင့် ကျနော်တို့လုပ်သား...