Skip to main content

Rakhine Luttaw - Kyauk Phyu Rep - to discuss Rights issues

ရခိုင်လွှတ်တော်တွင် ကျောက်ဖြူ ပြည်နယ် လွှတ်တော်အမတ် ပြည်သူ့ အရေး တင်ပြတောင်းဆိုမည်

ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ စတင်ခဲ့သော ရခိုင်ပြည်နယ် လွှတ်တော် အမေးအဖြေ ကဏ္ဍတွင် ပြည်သူများ အပေါ် မတရား ပြုကျင့်ခံနေရမူများ တင်ပြသွားမည် ဖြစ်ကြောင်း ကျောက်ဖြူ ပြည်နယ် လွှတ်တော် အမတ် ဦးတင်ဖေက ပြောသည်။
ကျောက်ဖြူ အမှတ် (၁) ဆိပ်ကမ်း
" ကျွန်တော်က မေးခွန်းမေးတဲ့ ကဏ္ဍမှာ တင်ပြမှာက အချက် (၃) ချက် ဖြစ်ပါတယ်။ ဒါကို လွှတ်တော်မှာ မေးဖို့ တင်ပြ ထားပါတယ်။ ကျောက်ဖြူမှာ မီးလင်းရေးကော်မီတီက အစိုးရက သတ်မှတ်ထားတာက မီတာခ တယူနစ် ၃၅ ကျပ်၊ မီးလင်းရေးကော်မီတီက ကျောက်ဖြူမှာ ကောက်နေတာက ၄၀၀၊ ၅၀၀ ဆိုသလို ကောက်တယ်။ ဒါတွေကို တင်ပြပါမယ်။"

ဒုတိယ ဆွေးနွေးရန် တင်ပြထားသော အကြောင်းအရာကိုလည်း သူက ယခုလို ပြောသည်။

" နောက်တင်ပြတာက ဂုံးချိန် ကျေးရွာမှာ ၁၉၉၃ ခုနှစ်က တပ်ရင်း ၅၄၂နဲ့ ၅၄၃ တို့က လယ်တွေကို တပ်ရင်းချမယ်ဆိုပြီး သိမ်းထားပါတယ်။ အဲဒီလယ်တွေထဲက တချို့ကို စစ်တပ်က လယ်သမားတွေကို သီးစားချထားပါတယ်။ တစ်ချို့ကိုလည်း သူတို့ ကိုယ်တိုင် လုပ်ပါတယ်။ ကျန်တဲ့ လယ်မြေတွေကို ဘာတစ်ခုမှ မလုပ်ဘဲ ပလပ်ထားပါတယ်။ ဒီလယ်မြေတွေကို လယ်သမားတွေကို ပြန်ပေးဖို့ ကျနော်တင်ပြပါမယ်။ လူပေါင်း ၃၀ ခန့်ဟာ လယ်မြေတွေ အသိမ်းခံထားရတဲ့ အတွက် အထူး ဒုက္ခ ရောက်နေကြပါတယ်။ သူတို့ကို လယ်မြေတွေ ပြန်ပေးသင့်တယ်လို့ ကျနော်ထင်ပါတယ်။"

တတိယ တင်ပြမည့် အကြောင်းအရာကိုလည်း သူက ယခုလို ဆက်ပြောသည်။

" အခု ကျွန်တော်တို့ ကျောက်ဖြူမှာ လေယာဉ်ကွင်း တိုးချဲ့မယ်ဆိုပြီး အိမ် (၈) လုံးကို သက်ဆိုင်ရာက ဖြိုဖျက်လိုက်ပါတယ်။ အဲဒီနေရာမှာ နောက်ထပ် အိမ်အသစ် (၁၂) လုံးဆောက်ပြီး တခြားလူတွေကို ငွေနဲ့ ရောင်းစားနေပါတယ်။ ဒါတွေကို အရေးယူနိုင်အောင် လွှတ်တော်မှာ ကျွန်တော် ဆွေးနွေးတင်ပြမှာ ဖြစ်ပါတယ်" ဟု ဦးတင်ဖေက ပြောသည်။

သို့သော် ကျောက်ဖြူ ပြည်နယ် လွှတ်တော် အမတ် ဦးတင်ဖေမှာ သူတင်ပြမည့် မေးခွန်းများကို ပြည်နယ် လွှတ်တော် အဖွဲ့သို့ တင်ပြပြီး ရခိုင်ပြည်နယ် လွှတ်တော် ပထမနေ့ကို တက်ရောက်နစဉ် သူ၏သား ကိုနေလင်း ရုတ်တရက် သေဆုံးသွားသဖြင့် ပြည်နယ်လွှတ်တော် ပထမပိုင်းကိုသာ တက်ရောက်နိုင်ခဲ့ပြီး လွှတ်တော်ထဲမှ ကျောက်ဖြူမြို့သို့ ပြန်သွားခဲ့ရသည်ဟု သိရသည်။

Comments

Popular posts from this blog

Zayar Thaw Profile for 2012 April Election

U Saw Hlaing to appeal for rejection from USDP election

from Burma News International | Burmese Version by bniwebmaster@yahoo.com (မဇ္ဈိမ) လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ခရိုင် ရွေးကောက်ပွဲကော်မရှင်မှ ပယ်ချခြင်း ခံရသည့် စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော် ၇ ကိုယ်စားလှယ်လောင်း ဦးစောလှိုင်၏အမှုကို တိုင်းကော်မရှင်သို့ တင်သွင်း အယူခံဝင် သွားမည်ဟု ရှေ့နေကြီး ဦးကိုနီက မဇ္ဈိမကို ပြောသည်။ "တိုင်းဒေသကြီး ကော်မရှင်မှာ အယူခံလည်းတင်မယ်။ အထောက်အထားတွေလည်း တင်ပြီးတော့ ကျနော်တို့ ဆက်ပြီးတော့ ကြိုစားကြည့်မယ်" ဟု ဦးကိုနီက ပြောသည်။ ကသာခရိုင် ရွေးကောက်ပွဲကော်မရှင်မှ ဦးစောလှိုင်၏ ဖခင်ဖြစ်သူသည် ဦးစောလှိုင် မွေးဖွားသည့် ၁၉၅၆ ခုနှစ်က မြန်မာနိုင်ငံသား မဟုတ်ခဲ့ ဟူသည့် စွပ်စွဲချက်ဖြင့် ပယ်ချခံရခြင်းဟု ကြားသိနေရသော်လည်း ကာယကံရှင်ထံသို့ ကန့်ကွက်လွှာ ရောက်ရှိမလာသေးဟုလည်း ဦးကိုနီ က ပြောသည်။ သို့သော် ဦးစောလှိုင်၏ ဖခင်မှာ ၁၉၅၅ ခုနှစ် ကတည်းက တိုင်းရင်းသားလက်မှတ် ရရှိပြီးဖြစ်ပြီး အထောက် အထားများ လည်း ရှိပြီးဖြစ်သည်ဟုလည်း ဦးကိုနီက ပြောသည်။ "တကယ်ဆိုရင်တော့ ကိုစောလှိုင်ကို မွေးတဲ့အချိန်မှာ အဖေကော အမေကော တိုင်းရင်းသားတွေချည်းပဲ။ တရားဝင် စ

Suu at Thone Gwa for Daw Suu Suu Lwin

သုံးခွမြို့ လူထုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အချို့ Yangon Press International။ ဖေဖေါ်ဝါရီ ၂၆၊ ၂၀၁၂ (YPI) ယနေ့မွန်းလွဲပိုင်းက သုံးခွမြို့သို့ စည်းရုံးရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့ရာ ညနေ ၅ နာရီခွဲမှ ၆နာရီမထိုးမီ အထိ မြို့ပြင် ပဲခင်းထဲတွင် လူထု ဟောပြောပွဲပြုလုပ်ခဲ့ရာတွင် ပြောကြားခဲ့ချက်အချို့ကို ကောက်နှုတ်ဖေါ်ပြလိုက်ပါသည်။ (၁) “ မဲတပြားကို မှားပြီးတော့လည်း မဖြစ်ပါစေနဲ့ ကြောက်လို့ပေးတာမျိုးလည်း မဖြစ်ပါစေနဲ့ ချော့ပြီးယူတာမျိုးလည်း မဖြစ်ပါစေနဲ့ ၊ ကိုယ့်ရဲ့ ဦးနှောက်နဲ့ရော နှလုံးနဲ့ပါ စဉ်းစားပါ၊ ဘယ်အဖွဲ့ကိုထောက်ခံမလဲ၊ ဘာဖြစ်လို့ ထောက်ခံမလဲ ဆိုတာ စဉ်းစားရမယ်။ ကျွန်မတို့ ဒီလိုပြောခြင်းအားဖြင့် ကျွန်မတို့ ကိုယ်စားလှယ်ကို တန်ဖိုးမထားတာ မဟုတ်ပါဘူး။ ” (၂ ) “ မဲပေးတာဟာ လူပုဂ္ဂိုလ် တဦးတယောက်ထဲ မဟုတ်ပါဘူး၊ တကယ်အရေးကြီးတာက အဖွဲ့အစည်းတခုအတွက်ပေးရပါတယ်။ နိုင်ငံရေး အဖွဲ့အစည်းဟာ မူရှိရတယ်။ အစဉ်အလာရှိရတယ်၊ ဘယ်လိုလုပ်ခဲ့တယ်ဆိုတဲ့ သမိုင်းလည်း ရှိရတယ်” (၃) “ ၁၉၉၀ ခုနှစ် လွပ်လပ်တဲ့ ရွေးကောက်ပွဲမှာ ကျွန်မကြိုတင်မဲပဲ ပေးပိုင်ခွင့်ရှိခဲ့တယ်၊ ၂၀၁၀ မှာ