Skip to main content

Shwe Gas Movement in Kyauk Phyu

ရွှေသဘာဝ ဓါတ်ငွေ့ အကျိုး ခွဲဝေခံစားခွင့် ရရှိရေး ကျောက်ဖြူတွင် လူပ်ရှားမူ ပြုလုပ်

ရခိုင်က ထွက်သော သဘာဝဓါတ်ငွေ့ကို ရခိုင်ပြည်နယ် အတွက် အကျိုးတူ ခွဲဝေ သုံးစွဲခွင့် ရရေး အတွက် ငြိမ်းချမ်းစွာ တောင်းဆိုပွဲ တစ်ခုကို ကျောက်ဖြူမြို့တွင် ယနေ့ နံနက်က ပြုလုပ်ခဲ့ကြကြောင်း သတင်း ရရှိသည်။
kyauk-phyu-protest-against-Arakan-Shwe-gas-2
" ဟုတ်ပါတယ်။ လူငယ် ၅၀ ခန့်က ဦးဥတ္တမလမ်းက နဂါးကွင်းမှာ နံနက် ၇ နာရီခွဲခန့်မှာ စုဆုံပြီးတော့ ကားနှစ်စီးနဲ့ အတူ ကံ့ကော်တော ဘုရားကို သွားကြပါတယ်။ ကံ့ကော်တော ဘုရားက ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းရုံးနဲ့လည်း ကပ်နေတော့ အဲဒီမှာ သွားပြီး ဆုတောင်းပွဲသွားလုပ်ကြတာ ဖြစ်ပါတယ်" ဟု ဦးဆောင် လူပ်ရှားတွင် ပါဝင်သူ ကျောက်ဖြူ လူငယ် တစ်ဦးက ပြောသည်။

ရခိုင်က ထွက်သော သဘာဝဓါတ်ငွေ့ကို ရခိုင်ပြည်နယ် အတွက် အကျိုးတူ ခွဲဝေ သုံးစွဲခွင့် ရရေး လူပ်ရှားသူ လူငယ်များသည် Our Gas, Our Future ဟု စာတန်းများရေးထိုးထားသော တီရှပ် အကျီ်များကို ဆင်တူ ၀တ်ဆင်ပြီး လူပ်ရှားမူ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ ယနေ့ မတ်လ ၁ ရက်နေ့သည့် ကမ္ဘာလုံးဆိုင်ရာ ရွှေသဘာဝ ဓါတ်ငွေ့ ဆန့်ကျင် ကန်ကွက်မူ ပြုလုပ်သည့်နေ့လည်း ဖြစ်သည်။

" ကျွန်တော်တို့ အကျိင်္တွေကို ဆင်တူ ၀တ်ဆင်ပြီး ကားပေါ်မှာလည်း ရခိုင်ပြည်နယ် သဘာဝ ရွှေဂတ်စ်မှ စွမ်းအင်ကို ရခိုင်ပြည်သူများ သုံးစွဲခွင့် ရရှိရေး စာတန်းပါ ဆိုင်းဘုတ်တွေကိုလည်း ကားပေါ်မှာ ကပ်ပြီး သွားကြပါတယ်။ လူပ်ရှားရတာက အားရ ကျေနပ်စရာကောင်းပါတယ်။ ဒါပေမယ့် ခရိုင်၊ မြို့နယ်၊ စရဖက လားပြီးတော့ မေးတာ မြန်းတာတွေ ပြုလုပ်ခဲ့ပါတယ်" ဟု ပြောသည်။

ကျောက်ဖြူ ခရိုင်၊ ဥက္ကဌ၊ မြို့နယ် ဥက္ကဌ၊ ရဲ၊ စရဖမှ တာဝန်ရှိသူများသည် လူငယ်များ ငြိမ်းချမ်းစွာ စုဝေး လူပ်ရှားမူ ပြုလုပ်ရာ ကံ့ကော်တော ဘုရားသို့ လိုက်လာပြီး လူငယ်များအား ပို့ဆောင်သော ကားများ၏ လိုင်စင်များကို စစ်ဆေးခြင်း၊ လူငယ်များအား မေးမြန်းခြင်းများ ပြုလုပ်သွားကြောင်း သိရသည်။

" သူတို့က နောက်ထပ် ဘာတွေ လုပ်ဖို့ အစီအစဉ်ရှိသေးသလဲ ဆိုပြီး မေးပါတယ်။ ကျွန်တော်တို့က နောက်ထပ် ဘာမှ မရှိဘူး။ ရခိုင်ပြည်နယ်က ထွက်တဲ့ ဂတ်စ်ကို ရခိုင်ပြည်အတွက် အကျိုးတူး ခွဲဝေခံစားခွင့် ရရေး အတွက် တောင်းဆိုတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လိုလားတာက အကျီင်္မှာပါတဲ့ စာတန်းနဲ့ သဘောထား အတူတူဘဲ ဆိုပြီး ပြန်ပြောလိုက်ပါတယ်။ ကားတွေကို လိုင်စင် ရှိလား။ ဘာလားဆိုပြီး စစ်ဆေးပါတယ်။ ဖမ်းတာ ဆီးတာတွေတော့ မရှိပါဘူး" ဟု ပြောသည်။

ကျောက်ဖြူတွင် လူအတော်များများသည် ရွှေဂတ်စ်လူပ်ရှားမူ အကျီင်္များကို ၀တ်ဆင်ပြီး ဈေဝယ်သွားခြင်း၊ လဘက်ရည်ဆိုင်များတွင် ထိုင်နေခြင်းများကိုလည်း ယနေ့တွင် ထူးထူးခြားခြားတွေ့ရပြီး သူတို့ လူပ်ရှားမူကို ကျောက်ဖြူ တစ်မြို့လုံးက ထောက်ခံသည်ဟု ပြောဆို၍ ရကြောင်း သူက ပြောသည်။

" အခု လူပ်ရှားမူက ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာလည်း လုပ်ပြီးပြီ။ ကျောက်ဖြူမှာက အခုဘဲ စလုပ်နိုင်တယ်။ လူထု ထောက်ခံမူ ရှိတဲ့ ဒီအလုပ်ကို လုပ်သင့်နေတာကတော့ ကြာနေပါပြီ။ ကျွန်တော်တို့က ရွှေဂတ်စ် စီမံကိန်းကို ရပ်တန့်ဖို့ တောင်းဆိုတာ မဟုတ်ဘူး။ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် လုပ်တာကို ကျွန်တော်တို့ မကန့်ကွက်ဘူး။ ဒါပေမယ့် အဲဒီ ရွှေဂတ်စ်က ရတဲ့ စွမ်းအင်ကို ရခိုင်ပြည်နယ် အတွက်လည်း သုံးစွဲပါ။ဒါကို ကျွန်တော်တို့ တောင်းဆိုတာ ဖြစ်ပါတယ်" ဟု ပြောသည်။

မြန်မာ အစိုးရသည် ရခိုင်ပြည်နယ်မှ ထွက်သော ဂတ်စ်အား ရခိုင်ပြည်နယ်တွင် တစ်စုံတရာ အသုံးမပြုဘဲ ၉၀ ရာနုန်းကို တရုတ်ပြည်သို့ ရောင်းချပြီး ကျန် သဘာဝဓါတ်ငွေ့များကို မကွေးတိုင်းနှင့် မန္တလေးတိုင်းများတွင် စက်ရုံများ တည်ဆောက်ကာ အသုံးပြုမည်ဟု ကျေညာ ပြောဆိုထားသဖြင့် အစိုးရ၏ လုပ်ရပ်နှင့် ပတ်သက်ပြီး ရခိုင်ပြည်သူများ အကြား အထူး မကျေနပ်မူများ တိုးပွားနေကြောင်း သိရသည်။

သို့အတွက် ရွှေသဘာဝ ဓါတ်ငွေ့မှ စီမံကိန်းမှ ရရှိသော စွမ်းအင်ကို ရခိုင်ပြည်နယ် အတွင်း ခွဲဝေ သုံးစွဲခွင့် ရရေး အတွက် တောင်းဆိုမူမှာ ကျယ်ကျယ်လောင်လောင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

မြန်မာ အစိုးရသည် ရခိုင် သဘာဝ ဓါတ်ငွေ့ လုပ်ကွက် A-3 နှင့် A- 1 မှ ထွက်သော သဘာဝဓါတ်ငွေ့များကို ၂၀၁၃ ခုနှစ်မှ စတင်ပြီး တရုတ်ကို လက်ရှိ တည်ဆောက်နေသော ပိုက်လိုင်းများမှ တဆင့် ရောင်းချတော့မည် ဖြစ်သည်။ ထိုသို့ ရောင်းချသဖြင့် နှစ်ပေါင်း ၃၀ အတွင်း မြန်မာ အစိုးရသည် အမေရိကန် ဒေါ်လာ ၂၉ ဘီလီယံ ကျော် ရရှိမည် ဖြစ်သည်။

Comments

Popular posts from this blog

Kaw Moo - a place for Aung San Suu Kyi for Bi-Election

အမိုး ဒေါ်သန်းသန်းလေး ဒေါ်အောင်ဆန်းစုကြည် ၏ မိသားစုဝင်များ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင် ဖို့ အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့ နယ်၊ ၀ါးသင်္ခ ကျေးရွာ မှာ ဒေါ်သန်းသန်းလေး အိမ်တွင် အိမ်ထောင်စု သန်းခေါင်စာရင်းဝင်ခဲ့သည်။ အခုလို သန်း ခေါင်စာရင်း ၀င်ခဲ့တဲ့ အတွက် မိသားစုဝင်ဖြစ်ကြတဲ့ အမိုး ဒေါ်သန်းသန်းလေး ရဲ့ ဝမ်းသာ ပီတိသံကို မေးကြည့်ရာ " " ဒီအိမ်မှာက မိသားစုဝင် စုစုပေါင်း ( ၉ ) ယောက်ရှိပါတယ်။ အကြီးဆုံးက ရီရီလွင်၊ ကျော်ဦးလွင်၊ နော်ကူးမ၊ ကျော်စွာမင်း၊ နော်ဖောလ၊ မယ်ပွား၊ မီးမီးပွား တို့ ဖြစ်ပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် တိုးလာပြီ။ အဲဒီအပေါ်မှာလည်း အရမ်းဝမ်းသာသလိုကျေးဇူးလည်း တင်တယ်၊ ၀ါသင်္ခရွာအနေနဲ့လည်း ဂုဏ်ယူတယ်၊ ၀မ်းလည်းသာသလို အားလည်းပေးကြတယ်၊ ကရင်တွေပီပီ တစ်ဦးချင်းမဟုတ်ပဲ အားလုံးတစ်ညီတစ်ညွတ်တည်း အားပေးကြတယ်၊ ဒီအိမ်ကို ဒေါ်အောင်ဆန်းစုကြည် တစ်ကြိမ်ပဲရောက်ဖူးသေးတယ်၊ သူ့ ကိုတွေ့ တွေ့ ချင်းအရမ်းဝမ်းသာတယ်၊ သူကလည်း ဒီအိမ်မှာ မိသားစုဝင်ဖြစ်တဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောပါတယ်။ အဲဒီနေ့ က သူအမျာြး...

Tint San corruption emerged -

အားကစားဝန်ကြီးဦးတင့်ဆန်း၏ လာဒ်စားမှုများပေါ်ပြီ (တိုင်ကြားစာ) from သစ်ထူးလွင် Myanmar News Now by သစ်ထူးလွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး နှင့် အားကစားဝန်ကြီး ဦးတင့်ဆန်း သည် နိုင်ငံတော်မှ ငွေကြေးအမြောက်အများကို လိမ်ယူထားသူဖြစ်ကြောင်း ၊ ပြည်သူ့ လွှတ်တော် အဆောက်အဦး အမှန်တကယ် ကုန်ကျငွေ၏ နှစ်ဆကျော်ခန့် ကုန်ကျကြောင်း၊ နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်းရှင်အသိုင်းအ၀ိုင်းမှသိရသည်။ လိမ်လည်မှုတွေနှင့် ပါတ်သတ်လို့  ဆောက်လုပ်ရေးအင်ဂျင်နီယာတဦး က Myanmar News Now ကို စာရေးသားပေးပို့ ထား ပါသည်။ ပေးပို့ လာတဲ့ စာကို အောက်မှာမူရင်းတိုင်း ဖော်ပြပေးလိုက်ပါသည်။ စာမှာ စာလုံးပေါင်း တချို့ မှားယွင်းမှုရှိနေတာကို စာဖတ်သူတို့  နားလည် ဖြည့်စွပ်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။ အားကစားဝန်ကြီးဦးတင့်ဆန်း လွှတ်တော်ဆောက်လုပ်စဉ်က လုပ်ငန်းခွင်မြင်ကွင်း u tint san's import news http://feeds.feedburner.com/thithtoolwin/yIWV

Zawtika Pipeline Project - Labor Dispute

ဇောတိက ပိုက်လိုင်းစီမံကိန်းမှ အလုပ်သမားများမှ တနသာင်္ရီတိုင်း ၀န်ကြီးချုပ်ထံပေးစာ.. from   ဒီမိုဝေယံ   by   ဒီမိုဝေယံ ဇောတိက သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်း မြင်ကွင်းတခု.. . ၀န်ကြီးချူပ် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီတိုင်း အကြောင်းအရာ။ ။ ဇောတိက သဘာဝဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်းလုပ်သားများ၏ နစ်နာမှုများနှင့် အခွင့်အရေးများအတွက် ညှိုနှိုင်းဖြေရှင်းပေးပါရန် တင်ပြခြင်း ကျွန်တော်တို့သည် ရေဖြူမြို့နယ်၊ ကန်ဘောက်ဒေသ PTTEPI မှ ဆောင်ရွက် အကောင်အထည်  ဖော်နေသော ဇောတိက သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်း စီမံကိန်းတွင် ၀င်ရောက် လုပ်ကိုင်နေသော လုပ်သားများနှင့် မိသားစုများ ဖြစ်ပါသည်။ စီမံကိန်းတွင် CPPB မှ ကန်ထရိုက်အဖြစ်ရရှိထားပြီး အလုပ်သမား ရှာဖွေ ခန့်ထားရေး ကိစ္စရပ်များတွင် AGS (Asia Guiding Star Co.ltd) မှ တဆင့်ခံ ကန်ထရိုက်အဖြစ် တာဝန်ယူ ဆောင်ရွက်နေပါသည်။ AGS မှ စီမံကိန်း လုပ်ငန်းများအတွက် လုပ်သားရေးရာ ကိစ္စများ တာဝန်ယူမှုတွင် လုပ်ခလစာနည်းပါးလွန်းခြင်း၊ အခြားခံစားခွင့်များ မရခြင်း၊ ကြမ်းတမ်းရိုင်းပြစွာ အမိန့်ပေးခိုင်းစေခြင်း တို့ကြောင့် ကျနော်တို့လုပ်သား...