Skip to main content

KIO - political dialogue only with Regime to end civil war

မြန်မာအစိုးရနှင့် နိုင်ငံရေးဆွေးနွေးရန်သာ ရှိကြောင်း KIO ပြော

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)က “အစိုးရနှင့် နောက်ထပ်အပစ်ခတ်ရပ်ဆိုင်းရေး လက်မှတ်ထိုး ရန် မလိုဘဲ KIO နယ်မြေအတွင်း ဝင်ရောက်နေ သော အစိုးရတပ်များကိုရုပ်သိမ်းပေးရန် နှင့် နိုင်ငံတကာကသက်သေပြု ပေးသည့် နိုင်ငံရေး ဆွေးနွေးရန်သာလိုပါကြောင်း” UNFC တပ်ပေါင်းစု သတင်းစာ ရှင်းလင်းပွဲတရပ်တွင် KIO အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာက ပြောကြား ခဲ့သည်။
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များ၏ သတင်းစာရှင်းလင်းပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တစ်နေရာတွင် ဖေဖေါ်ဝါရီလ၂၈ ရက်နေ့၌ ကျင်းပခဲ့သည်။

“ကျွန်တော်တို့(KIO)က ၁၉၉၄ ခုနှစ် ဖေဖေါ်ဝါရီလ၂၄ မှာ အပစ်ခတ်ရပ်ဆိုင်းရေးလက်မှတ်ထိုးပြီးပြီ။ ဒီအတိုင်းပဲကျွန်တော်တို့သွားနေတာပါ။ ဘာမှမလုပ်ဘူး။ ဒါပေမဲ့အစိုးရတပ်ဖွဲ့က ၂၀၁၁ ဇွန်လ ၉ ရက်နေ့မှာ ကျနော်တို့ရဲ့စစ်သား ၄ ယောက်ပဲရှိတဲ့ရှေ့အကျဆုံး တပ်ကို သူတို့(အစိုးရ)စပြီးဝိုင်းပစ်ကြတယ်။ အဲဒီအချိန် မှာ ကျတော်တို့မတုန့်ပြန်သေးဘူး။ ဒါပေမဲ့ ဇွန်လ ၁၂ ရက်နေ့မှာ သူတို့ပြန်ပစ်ကြတယ်။ အဲဒီရက်ကျမှ မတတ်သာလို့ ကိုယ့်ကိုယ် ကာကွယ်တဲ့အနေနဲ့ စတိုက်ခဲ့တာဖြစ်တယ်။ အဲဒီအချိန်မှစပြီး ခုချိန်ထိ မရပ်ဆိုင်းနိုင်တဲ့၊ မဆုံးနိုင်တဲ့ ပစ်ခတ်ခြင်းဖြစ်လာရခြင်းဖြစ်တယ်။” ဟု ဒေါက်တာလဂျာကပြောသည်။

၂၀၁၀ သြဂုတ်လ ၃၀ ရက် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို KIO က လက်မခံသည့် နောက်ပိုင်း ၂၀၁၁ ဇွန်လမှစပြီး အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA (KIO အောက် လက်နက်ကိုင်ဌာန) ကြား စစ်ပွဲများဖြစ်လာရခြင်းဖြစ်သည်။

“ခုတစ်ကြိမ် အပစ်ခတ်ရပ်ဆိုင်းရေးပြန်လုပ်ရအောင်ပြောတယ်။ ကျွန်တော်တို့လက်မှတ်ထိုးပြီးတာ ၁၈ နှစ်တောင် ရှိလာပြီ နောက်ထပ်ထိုးစရာမလိုတော့ဘူး။ အခုလိုတာက နိုင်ငံရေးဆွေးနွေးဖို့ပဲဖြစ်တယ်။ နိုင်ငံရေး ဆွေးနွေးမယ်ဆိုရင်လည်း ကျတော်တို့(KIO) ဧရိယာမှာထိုးစစ်ဆင်ထားတဲ့ အစိုးရစစ်တပ် အားလုံးရုပ်သိမ်းပေးပါလို့ပြောတယ်။ သူတို့(အစိုးရ)က စာရင်းတောင်းတယ် ကျတော်တို့လည်း စာရင်းပေးလိုက်ပြီ။ ဒီစစ်တပ်တွေသာ ရုပ်သိမ်းလို့ရှိရင် လက်မှတ်ထိုးစရာမလိုဘူး။” ဟု သူက ဆက်ဆိုသည်။

KIO နယ်မြေအတွင်း ဝင်ရောက်နေသော အစိုးရတပ်များအားလုံး ရုပ်သိမ်းပေးမည်ဆိုလျှင်ကချင်လွတ်မြောက် ရေးအဖွဲ့ KIO နှင့် အစိုးရအကြား နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ပဏာမ သဘောတူ လက်မှတ်ရေးထိုး ရန်ဆွေးနွေးမည်ဖြစ်ကြောင်း ဒေါက်တာလဂျာကပြောသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၀ ရက်တွင် သမ္မတဦးသိန်းစိန်အစိုးရက ကချင်ပြည်နယ်တွင် ထိုးစစ်ရပ်တံ့ရန် ညွှန်ကြား ခဲ့သော်လည်း မြန်မာ့တပ်မတော်သည် KIO အား ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။

ယခုချိန် ၉ လ ကြာ မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကြား လက်နက်ကိုင်ပဋိပက္ခကြောင့် ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် စစ်ပြေးဒုက္ခသည်များ အနည်းဆုံး ၇၀၀၀၀ အိုးအိမ်စွန့်ခွာခဲ့ရသည်။

သမ္မတဦးသိန်းစိန်အစိုးရနှင့် KIO ကြား ဇန်န၀ါရီလ ၁၈-၁၉ တွင် တရုတ်နိုင်ငံ ရွှေလီမြို့တွင် ပြုလုပ်သည့် နောက်ဆုံးတွေ့ဆုံပွဲအထိ နိုင်ငံရေးအဖြေရှာနိုင်ခြင်းမရှိသေးပါ။ ယခုထပ်မံဆွေးနွေးသွားကြရန် ရှိသော်လည်း တွေ့ဆုံရန်နေရာအတွက် နှစ်ဖက် သဘောတူညီချက်မရရှိကြသေးဟု သိရသည်။

Comments

Popular posts from this blog

Zayar Thaw Profile for 2012 April Election

U Saw Hlaing to appeal for rejection from USDP election

from Burma News International | Burmese Version by bniwebmaster@yahoo.com (မဇ္ဈိမ) လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ခရိုင် ရွေးကောက်ပွဲကော်မရှင်မှ ပယ်ချခြင်း ခံရသည့် စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော် ၇ ကိုယ်စားလှယ်လောင်း ဦးစောလှိုင်၏အမှုကို တိုင်းကော်မရှင်သို့ တင်သွင်း အယူခံဝင် သွားမည်ဟု ရှေ့နေကြီး ဦးကိုနီက မဇ္ဈိမကို ပြောသည်။ "တိုင်းဒေသကြီး ကော်မရှင်မှာ အယူခံလည်းတင်မယ်။ အထောက်အထားတွေလည်း တင်ပြီးတော့ ကျနော်တို့ ဆက်ပြီးတော့ ကြိုစားကြည့်မယ်" ဟု ဦးကိုနီက ပြောသည်။ ကသာခရိုင် ရွေးကောက်ပွဲကော်မရှင်မှ ဦးစောလှိုင်၏ ဖခင်ဖြစ်သူသည် ဦးစောလှိုင် မွေးဖွားသည့် ၁၉၅၆ ခုနှစ်က မြန်မာနိုင်ငံသား မဟုတ်ခဲ့ ဟူသည့် စွပ်စွဲချက်ဖြင့် ပယ်ချခံရခြင်းဟု ကြားသိနေရသော်လည်း ကာယကံရှင်ထံသို့ ကန့်ကွက်လွှာ ရောက်ရှိမလာသေးဟုလည်း ဦးကိုနီ က ပြောသည်။ သို့သော် ဦးစောလှိုင်၏ ဖခင်မှာ ၁၉၅၅ ခုနှစ် ကတည်းက တိုင်းရင်းသားလက်မှတ် ရရှိပြီးဖြစ်ပြီး အထောက် အထားများ လည်း ရှိပြီးဖြစ်သည်ဟုလည်း ဦးကိုနီက ပြောသည်။ "တကယ်ဆိုရင်တော့ ကိုစောလှိုင်ကို မွေးတဲ့အချိန်မှာ အဖေကော အမေကော တိုင်းရင်းသားတွေချည်းပဲ။ တရားဝင် စ

Suu at Thone Gwa for Daw Suu Suu Lwin

သုံးခွမြို့ လူထုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အချို့ Yangon Press International။ ဖေဖေါ်ဝါရီ ၂၆၊ ၂၀၁၂ (YPI) ယနေ့မွန်းလွဲပိုင်းက သုံးခွမြို့သို့ စည်းရုံးရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့ရာ ညနေ ၅ နာရီခွဲမှ ၆နာရီမထိုးမီ အထိ မြို့ပြင် ပဲခင်းထဲတွင် လူထု ဟောပြောပွဲပြုလုပ်ခဲ့ရာတွင် ပြောကြားခဲ့ချက်အချို့ကို ကောက်နှုတ်ဖေါ်ပြလိုက်ပါသည်။ (၁) “ မဲတပြားကို မှားပြီးတော့လည်း မဖြစ်ပါစေနဲ့ ကြောက်လို့ပေးတာမျိုးလည်း မဖြစ်ပါစေနဲ့ ချော့ပြီးယူတာမျိုးလည်း မဖြစ်ပါစေနဲ့ ၊ ကိုယ့်ရဲ့ ဦးနှောက်နဲ့ရော နှလုံးနဲ့ပါ စဉ်းစားပါ၊ ဘယ်အဖွဲ့ကိုထောက်ခံမလဲ၊ ဘာဖြစ်လို့ ထောက်ခံမလဲ ဆိုတာ စဉ်းစားရမယ်။ ကျွန်မတို့ ဒီလိုပြောခြင်းအားဖြင့် ကျွန်မတို့ ကိုယ်စားလှယ်ကို တန်ဖိုးမထားတာ မဟုတ်ပါဘူး။ ” (၂ ) “ မဲပေးတာဟာ လူပုဂ္ဂိုလ် တဦးတယောက်ထဲ မဟုတ်ပါဘူး၊ တကယ်အရေးကြီးတာက အဖွဲ့အစည်းတခုအတွက်ပေးရပါတယ်။ နိုင်ငံရေး အဖွဲ့အစည်းဟာ မူရှိရတယ်။ အစဉ်အလာရှိရတယ်၊ ဘယ်လိုလုပ်ခဲ့တယ်ဆိုတဲ့ သမိုင်းလည်း ရှိရတယ်” (၃) “ ၁၉၉၀ ခုနှစ် လွပ်လပ်တဲ့ ရွေးကောက်ပွဲမှာ ကျွန်မကြိုတင်မဲပဲ ပေးပိုင်ခွင့်ရှိခဲ့တယ်၊ ၂၀၁၀ မှာ