Skip to main content

UNFC does not accept Dialogue inside Luttaw

လွှတ်တော်အတွင်း တွေ့ဆုံဆွေးနွေးရေးကို UNFC လက်မခံ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်အတွင်းမှ ပြင်ဆင်နိုင်သည်ဟုဆိုသော်လည်း အဆိုပါ လွှတ်တော်အတွင်း၌ နိုင်ငံရေး ဆွေးနွေးခြင်းကို လုံးဝလက်ခံမည်မဟုတ်ကြောင်း UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီက ယမန်နေ့ကကျင်းပသော ထုတ်ပြန်ကြေငြာချက်နှင့်ပတ် သက်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
UNFC ၏ သတင်းစာရှင်းလင်းပွဲ (ဓါတ်ပုံ- သျှမ်းသံတော်ဆင့်)
“UNFC အနေနဲ့ အစိုးရက ကမ်းလှမ်းတဲ့ ၂၀၀၈ အခြေခံဥပဒေအတွင်း ဆွေးနွေးရေးကို လက်မခံပါဘူး။ လွှတ်တော် အတွင်း ဝင်ရောက်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲကိုလဲ ကျနော်တို့လက်မခံပါဘူး။ နိုင်ငံရေး ဆွေးနွေးပွဲအတွက် UNFC အဖွဲ့ ဝင်ကြားမှာ တူညီတဲ့အခြေခံမူ တူညီတဲ့ရည်မှန်းချက်တူညီတဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ချမှတ်ထားပြီးသား ဖြစ်ပါတယ်” - သတင်းထောက်များအား UNFC ၏ တွဲဖက်အတွင်းရေးမှူး(၂)  ခွန်ဥက္ကာက ပြောပြသည်။

UNFC ၏ အဓိက ရည်မှန်းချက်မှာ တပြည်လုံးအတိုင်းအတာ အပစ်ရပ်ကြရန်၊ နိုင်ငံရေးစကားဝိုင်းဖြစ်မြောက် လာရန်နှင့် အသိသက်သေအဖြစ် နိုင်ငံတကာမှ ထိုက်သင့်သူများမှ ဆွေးနွေးပွဲကို ဝိုင်းဝန်းကြပ်မတ်ပေး ရန်စသဖြင့်ပါရှိကြောင်း ယမန် နေ့ က ထိုင်းနယ်စပ်တနေရာ၌ကျင်းပသော UNFC သတင်းစာရှင်းလင်းပွဲ၌  နိုင်ဟံသာက ပြောပါသည်။

“နှစ်ဖက်ဆွေးနွေးတဲ့အခါမှာ နိုင်ငံတကကာမှ ဘက်လိုက်မှုကင်းရှင်းတဲ့ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေအပြင်  ကျနော်တို့နိုင်ငံ မှာလဲ ကြားလူအဖြစ် စောင့်ကြည့်ပေးဖို့ဆိုရင် ဂုဏ်သရေရှိတဲ့လူတွေ၊ နိုင်ငံရေးမှာ တဖက်က ဩဇာရှိတဲ့သူတွေ၊ ပြည်သူ တွေ ထောက်ခံတဲ့သူတွေပါကို ပါရမယ် ” ဟု UNFC ၏ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောပါသည်။  

ပြည်တွင်းစစ် နှစ် ၆၀ ကျော်ပြီဖြစ်လာသဖြင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုကျဆင်းကာ တိုင်းပြည်စီးပွားရေးလည်း ကျဆင်းခဲ့ ကြောင်း၊  လူထုလည်း ဆင်းရဲကြပ်တည်းကြောင်း၊ အထူးသဖြင့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေး လည်း ဆုံးရှုံးနေကြောင်း၊ ပြည်တွင်းစစ်ရပ်တန့်အောင် မလုပ်နိုင်ဘဲ၊  တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို မတည်ဆောက်နိုင်ဘဲ တိုင်းပြည်အေး ချမ်းတိုးတက်ဖွံ့ဖြိုးမှုရနိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား ပြဿနာကို ဦးစွာဖြေရှင်းပြီးမှ နိုင်ငံတကာက စီးပွားရေးရင်းနှီးမြှုပ်နှံသင့်ကြောင်းရှင်းလင်း ပြောကြားခဲ့သည်ဟုဆို၏။

“နိုင်ငံရေး ဆွေးနွေးနိုင်ဖို့အတွက် တပ်ပိုင်းဆိုင်ရာကတော့ အဆင်ပြေသလို အပေးအယူလုပ်နိုင်သလောက် လုပ်မယ်။ အစိုးရဖက်က ထိုးစစ်ဆင်လာပြီး နေရာယူထားပြီး အကြပ်ကိုင်တာမျိုးမဖြစ်အောင်လဲ သတိထား ရမယ်။ ဒါကိုလဲတောင်း ဆိုထားတယ်။ ကျနော်တို့ဖက်က တပ်တချို့တွေ နေရာရွှေ့ဆိုင်းပေးဖို့လိုလာရင်လဲ လက်ခံပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ်လာဖို့အတွက် လုံခြုံရေးအတွက် ကြီးကြီးမားမားမထိခိုက်နိုင်ဘူး ဆိုရင်တော့ လိုက်လျောမယ်” ဟုလည်း ပြောပါ သည်။

လက်ရှိနိုင်ငံရေးအခြေအနေအရ နိုင်ငံရေးမှာ ပြောင်းလဲသော အသွင်လက္ခဏာပေါ်လာသော်လည်း စိတ်မချ နိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော်  န၀တ၊ နအဖ အစိုးရမှ အဝတ်အစား ဘဲပြောင်းလဲခြင်းသာဖြစ်ပြီး အခြေခံအတွေးအခေါ် အရ မည်ရွေ့မည်မျှပြောင်းလဲနေသည်ကို စီစစ်နေဆဲဖြစ်ကြောင်း၊ နိုင်ငံတကာဖိအား၊ လူထုတောင်းဆိုမှုကြောင့် အထိုက် အလျောက် ပြောင်းလဲလာသည့်အပေါ်  အခွင့်ကောင်းယူပြီး ကောင်းမွန် သော ပြောင်းလဲခြင်းဖြစ်အောင် ဆွေးနွေးသွား မည်ဖြစ်ကြောင်း  နိုင်ဟံသာနှင့် ခွန်ဥက္ကာတို့က တလှည့်စီ ဖြေကြားပြောဆိုခဲ့ကြောင်း သိရပါသည်။

Comments

Popular posts from this blog

Kaw Moo - a place for Aung San Suu Kyi for Bi-Election

အမိုး ဒေါ်သန်းသန်းလေး ဒေါ်အောင်ဆန်းစုကြည် ၏ မိသားစုဝင်များ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင် ဖို့ အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့ နယ်၊ ၀ါးသင်္ခ ကျေးရွာ မှာ ဒေါ်သန်းသန်းလေး အိမ်တွင် အိမ်ထောင်စု သန်းခေါင်စာရင်းဝင်ခဲ့သည်။ အခုလို သန်း ခေါင်စာရင်း ၀င်ခဲ့တဲ့ အတွက် မိသားစုဝင်ဖြစ်ကြတဲ့ အမိုး ဒေါ်သန်းသန်းလေး ရဲ့ ဝမ်းသာ ပီတိသံကို မေးကြည့်ရာ " " ဒီအိမ်မှာက မိသားစုဝင် စုစုပေါင်း ( ၉ ) ယောက်ရှိပါတယ်။ အကြီးဆုံးက ရီရီလွင်၊ ကျော်ဦးလွင်၊ နော်ကူးမ၊ ကျော်စွာမင်း၊ နော်ဖောလ၊ မယ်ပွား၊ မီးမီးပွား တို့ ဖြစ်ပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် တိုးလာပြီ။ အဲဒီအပေါ်မှာလည်း အရမ်းဝမ်းသာသလိုကျေးဇူးလည်း တင်တယ်၊ ၀ါသင်္ခရွာအနေနဲ့လည်း ဂုဏ်ယူတယ်၊ ၀မ်းလည်းသာသလို အားလည်းပေးကြတယ်၊ ကရင်တွေပီပီ တစ်ဦးချင်းမဟုတ်ပဲ အားလုံးတစ်ညီတစ်ညွတ်တည်း အားပေးကြတယ်၊ ဒီအိမ်ကို ဒေါ်အောင်ဆန်းစုကြည် တစ်ကြိမ်ပဲရောက်ဖူးသေးတယ်၊ သူ့ ကိုတွေ့ တွေ့ ချင်းအရမ်းဝမ်းသာတယ်၊ သူကလည်း ဒီအိမ်မှာ မိသားစုဝင်ဖြစ်တဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောပါတယ်။ အဲဒီနေ့ က သူအမျာြး...

Tint San corruption emerged -

အားကစားဝန်ကြီးဦးတင့်ဆန်း၏ လာဒ်စားမှုများပေါ်ပြီ (တိုင်ကြားစာ) from သစ်ထူးလွင် Myanmar News Now by သစ်ထူးလွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး နှင့် အားကစားဝန်ကြီး ဦးတင့်ဆန်း သည် နိုင်ငံတော်မှ ငွေကြေးအမြောက်အများကို လိမ်ယူထားသူဖြစ်ကြောင်း ၊ ပြည်သူ့ လွှတ်တော် အဆောက်အဦး အမှန်တကယ် ကုန်ကျငွေ၏ နှစ်ဆကျော်ခန့် ကုန်ကျကြောင်း၊ နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်းရှင်အသိုင်းအ၀ိုင်းမှသိရသည်။ လိမ်လည်မှုတွေနှင့် ပါတ်သတ်လို့  ဆောက်လုပ်ရေးအင်ဂျင်နီယာတဦး က Myanmar News Now ကို စာရေးသားပေးပို့ ထား ပါသည်။ ပေးပို့ လာတဲ့ စာကို အောက်မှာမူရင်းတိုင်း ဖော်ပြပေးလိုက်ပါသည်။ စာမှာ စာလုံးပေါင်း တချို့ မှားယွင်းမှုရှိနေတာကို စာဖတ်သူတို့  နားလည် ဖြည့်စွပ်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။ အားကစားဝန်ကြီးဦးတင့်ဆန်း လွှတ်တော်ဆောက်လုပ်စဉ်က လုပ်ငန်းခွင်မြင်ကွင်း u tint san's import news http://feeds.feedburner.com/thithtoolwin/yIWV

Zawtika Pipeline Project - Labor Dispute

ဇောတိက ပိုက်လိုင်းစီမံကိန်းမှ အလုပ်သမားများမှ တနသာင်္ရီတိုင်း ၀န်ကြီးချုပ်ထံပေးစာ.. from   ဒီမိုဝေယံ   by   ဒီမိုဝေယံ ဇောတိက သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်း မြင်ကွင်းတခု.. . ၀န်ကြီးချူပ် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီတိုင်း အကြောင်းအရာ။ ။ ဇောတိက သဘာဝဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်းလုပ်သားများ၏ နစ်နာမှုများနှင့် အခွင့်အရေးများအတွက် ညှိုနှိုင်းဖြေရှင်းပေးပါရန် တင်ပြခြင်း ကျွန်တော်တို့သည် ရေဖြူမြို့နယ်၊ ကန်ဘောက်ဒေသ PTTEPI မှ ဆောင်ရွက် အကောင်အထည်  ဖော်နေသော ဇောတိက သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်း စီမံကိန်းတွင် ၀င်ရောက် လုပ်ကိုင်နေသော လုပ်သားများနှင့် မိသားစုများ ဖြစ်ပါသည်။ စီမံကိန်းတွင် CPPB မှ ကန်ထရိုက်အဖြစ်ရရှိထားပြီး အလုပ်သမား ရှာဖွေ ခန့်ထားရေး ကိစ္စရပ်များတွင် AGS (Asia Guiding Star Co.ltd) မှ တဆင့်ခံ ကန်ထရိုက်အဖြစ် တာဝန်ယူ ဆောင်ရွက်နေပါသည်။ AGS မှ စီမံကိန်း လုပ်ငန်းများအတွက် လုပ်သားရေးရာ ကိစ္စများ တာဝန်ယူမှုတွင် လုပ်ခလစာနည်းပါးလွန်းခြင်း၊ အခြားခံစားခွင့်များ မရခြင်း၊ ကြမ်းတမ်းရိုင်းပြစွာ အမိန့်ပေးခိုင်းစေခြင်း တို့ကြောင့် ကျနော်တို့လုပ်သား...