Skip to main content

Mann Johnny to become as candidate for Myaung Mya NLD

မြောင်းမြ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် မန်းဂျော်နီ ၀င်ရောက် အရွေးခံမည်

လာမည့် ဧပြီလ ၁ရက်နေ့တွင် ကျင်းပပြုလုပ်မည့် လစ်လပ်မဲဆန္ဒနယ် (၄၈)နေရာအတွက် ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း မန်းဂျော်နီက ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် ၀င်ရောက်အ ရွေးခံမည် ဖြစ်သည်။
မြောင်းမြ အဲန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်လောင်း မန်းဂျော်နီ

မန်းဂျော်နီ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံမည့် မြောင်းမြမြို့နယ်တွင် ကရင်လူမျိုးအများအပြား နေထိုင်ရာ ဒေသဖြစ်ပြီး ၎င်း၏ပြိုင်ဘက်မှာ ပြည်ထောင်စုအားကစားဝန်ကြီး ဦးတင့်ဆန်း၏သားလည်းဖြစ်၊ ACE ကုမ္ပဏီအကြီးအကဲနှင့် မြန်မာနယ်ရှင်နယ်လိဂ်မှ နေပြည်တော် ယူနိုက်တက်ဘောလုံးအသင်းပိုင်ရှင်တစ်ဦး ဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးဖြိုးကိုကိုတင့်ဆန်း ဖြစ်သည်။

ဦးတင့်ဆန်းသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီစည်းရုံးရေး ခရီးစဉ်များတွင် လူထုဟောပြောပွဲ များ ကျင်းပပြုလုပ်နိုင်ရန် ဘောလုံးကွင်းများ အသုံးပြုခွင့်ပေးရန် တောင်းခံမှုကို အသုံးမပြုရန် တားမြစ်ပိတ်ပင်ခဲ့သူ ဖြစ်သည်။

ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း မန်းဂျော်နီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရန် အထူးသတိဝီရိယထား ယှဉ်ပြိုင်ရဖွယ်ရှိသည်ဟု နိုင်ငံရေး အကဲခတ်သူများက သုံးသပ်ကြသည်။

ယခုအချိန်တွင် မန်းဂျော်နီသည် NLD ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ခေါင်းဆောင် စခင်ဇော်လင်းဦးနှင့် အတူ စည်းရုံးလုပ်ဆောင် လျှက်ရှိရာ မြောင်းမြမြို့နယ်အတွင်းရှိ ကရင်လူထုမှ တက်ကြွစွာပံ့ပိုးအားပေး လျှက်ရှိသည်ဟု သိရသည်။

မန်းဂျော်နီရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စည်းရုံးရေးအဖွဲ့ဝင်တစ်ဦးက “အခု ဧရာဝတီတိုင်းမှာ အရွေးခံမယ့်နေရာတွေမှာ သူ (မန်းဂျော်နီ)လိုက်သွားတယ်။ NLD လည်း ဖြစ်တယ်။ ကရင်လည်းဖြစ်တယ် ဆိုတော့ အများကြီး ထောက်ခံပါတယ်။ ၇၅ရာခိုင်နှုန်း လောက်တော့ ရမယ်ထင်တာပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။

သို့သော် မန်းဂျော်နီနှင့်အပြိုင် မြောင်းမြမြို့နယ်တွင် ၀င်ရောက်အရွေးခံမည့် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဖြိုး ကိုကိုတင့်ဆန်းက စာသင်ကျောင်းများ တည်ဆောက်ပေးခြင်း၊ လယ်သမားများ အား ချေးငွေထုတ်ပေးခြင်း စသည့် မဲဆွယ်စည်းရုံးမှုများ လုပ်ဆောင်လျှက်ရှိသလို မန်းဂျော်နီအနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက မြောင်းမြမြို့နယ်ရှိ ပြည်သူများ၏ အသံများကို လွှတ်တော်တွင် တောင်းဆိုပေးသွားမည်ဟု ပြောကြောင်း ၎င်းစည်းရုံးရေးအဖွဲ့ဝင်က ပြောသည်။

မန်းဂျော်နီကို ၁၉၄၂ခုနှစ်၊ ဇန်န၀ါရီလ ၃၀ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်အရှေ့မြို့နယ်၊ ဆင်ဂေါင်းကြီးကျေးရွာတွင် အဖ လယ်သမားကြီး ဦးကျော်ဦး၊ အမိ ဒေါ်ခြောက်တို့ မွေးဖွားခဲ့ပြီး မကြာခင်၌ ဆင်ဂေါင်ကြီးကျေးရွာ မီးရှို့ခံရကာ ၀ဲကြီးရွာသို့ မိသားစုများ ထွက်ပြေးခဲ့ရပြီး ၀ဲကြီးရွာ ဘုန်းတော်ကြီး ဦးဇောတိကထံတွင် စတင် ပညာသင်ကြားခဲ့သည်။

သူသည် မူလတန်းပညာကို ပုသိမ်မြို့ St.Joseph’s Convent တွင်လည်းကောင်း၊ အလယ်တန်းပညာကို ရန်ကုန်မြို့ St.Paul ကျောင်း တွင်လည်းကောင်း၊ အလယ်တန်းနှင့် အထက်တန်းကို ပုသိမ်မြို့ Catholic Boy’s Central School, Mayamchaung တွင် အောင်မြင်ခဲ့ ပြီးနောက် B.A ဘွဲ့ကို ရန်ကုန်တက္ကသိုလ်နှင့် Dip in Education ဒီပလိုမာကို ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဆက်လက် ဆည်းပူးခဲ့ သည်။

ထို့နောက် ဇလွန်မြို့နယ်၊ ငပုတောမြို့နယ်၊ သာပေါင်းမြို့နယ်၊ ပုသိမ်မြို့နယ်၊ လေးမျက်နှာမြို့နယ်၊ ပုသိမ်အရှေ့မြို့နယ်၊ ကျုံပျော်မြို့တို့ တွင် အလွတ်ပညာသင်ဆရာ၊ အလယ်တန်းပြဆရာ၊ အထက်တန်းပြ ဆရာနှင့် ကျုံပျော်မြို့နယ် ပညာရေးမှူးရုံးတွင် လက်ထောက်မြို့နယ် ပညာရေးမှူး စသည့် တာဝန်အသီးသီးကို ထမ်းဆောင်ခဲ့သည်။

၁၉၉၀ခုနှစ်၊ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် ကျုံပျော်မြို့နယ်၊ အမှတ်(၁)မဲဆန္ဒနယ်မြေမှ ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခြင်းခံခဲ့ရသည့်အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကျုံပျော်မြို့နယ် စည်းရုံးရေးအဖွဲ့ ဒုတိယဥက္ကဌ၊ ဧရာဝတီတိုင်း စည်း ရုံးရေးအဖွဲ့ဝင်နှင့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်၏ ဗဟို ဦးစီးအဖွဲ့ဝင်ဖြစ်သကဲ့သို့ ယခုအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းအောင်နိုင်ရေးအဖွဲ့ တာဝန်ခံတစ်ဦး ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည်မှတ်ပုံတင်ခဲ့ရာတွင် ပါတီဖွဲ့စည်းရေး အဆိုပြုသူ ခေါင်းဆောင် ၂၁ဦးတွင် ကရင်လူမျိုး ၂ဦးဖြစ် သည့် ကရင်ပြည်နယ်မှ ဒေါ်နန်းခင်ထွေးမြင့်နှင့် ဧရာဝတီတိုင်းဒေသကြီးမှ စခင်ဇော်လင်းတို့ ပါဝင်သည်။

လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုဦးစီးအဖွဲ့ဝင်တွင် ပါဝင်သည့် ဒေါ်နန်းခင်ထွေးမြင့်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၃)တွင် NLD ၏ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်အရွေးခံခဲ့ရာ မှ မဲအနိုင်ရရှိခဲ့သူ ဖြစ်သည်။

Comments

Popular posts from this blog

Kaw Moo - a place for Aung San Suu Kyi for Bi-Election

အမိုး ဒေါ်သန်းသန်းလေး ဒေါ်အောင်ဆန်းစုကြည် ၏ မိသားစုဝင်များ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင် ဖို့ အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့ နယ်၊ ၀ါးသင်္ခ ကျေးရွာ မှာ ဒေါ်သန်းသန်းလေး အိမ်တွင် အိမ်ထောင်စု သန်းခေါင်စာရင်းဝင်ခဲ့သည်။ အခုလို သန်း ခေါင်စာရင်း ၀င်ခဲ့တဲ့ အတွက် မိသားစုဝင်ဖြစ်ကြတဲ့ အမိုး ဒေါ်သန်းသန်းလေး ရဲ့ ဝမ်းသာ ပီတိသံကို မေးကြည့်ရာ " " ဒီအိမ်မှာက မိသားစုဝင် စုစုပေါင်း ( ၉ ) ယောက်ရှိပါတယ်။ အကြီးဆုံးက ရီရီလွင်၊ ကျော်ဦးလွင်၊ နော်ကူးမ၊ ကျော်စွာမင်း၊ နော်ဖောလ၊ မယ်ပွား၊ မီးမီးပွား တို့ ဖြစ်ပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် တိုးလာပြီ။ အဲဒီအပေါ်မှာလည်း အရမ်းဝမ်းသာသလိုကျေးဇူးလည်း တင်တယ်၊ ၀ါသင်္ခရွာအနေနဲ့လည်း ဂုဏ်ယူတယ်၊ ၀မ်းလည်းသာသလို အားလည်းပေးကြတယ်၊ ကရင်တွေပီပီ တစ်ဦးချင်းမဟုတ်ပဲ အားလုံးတစ်ညီတစ်ညွတ်တည်း အားပေးကြတယ်၊ ဒီအိမ်ကို ဒေါ်အောင်ဆန်းစုကြည် တစ်ကြိမ်ပဲရောက်ဖူးသေးတယ်၊ သူ့ ကိုတွေ့ တွေ့ ချင်းအရမ်းဝမ်းသာတယ်၊ သူကလည်း ဒီအိမ်မှာ မိသားစုဝင်ဖြစ်တဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောပါတယ်။ အဲဒီနေ့ က သူအမျာြး...

Tint San corruption emerged -

အားကစားဝန်ကြီးဦးတင့်ဆန်း၏ လာဒ်စားမှုများပေါ်ပြီ (တိုင်ကြားစာ) from သစ်ထူးလွင် Myanmar News Now by သစ်ထူးလွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး နှင့် အားကစားဝန်ကြီး ဦးတင့်ဆန်း သည် နိုင်ငံတော်မှ ငွေကြေးအမြောက်အများကို လိမ်ယူထားသူဖြစ်ကြောင်း ၊ ပြည်သူ့ လွှတ်တော် အဆောက်အဦး အမှန်တကယ် ကုန်ကျငွေ၏ နှစ်ဆကျော်ခန့် ကုန်ကျကြောင်း၊ နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်းရှင်အသိုင်းအ၀ိုင်းမှသိရသည်။ လိမ်လည်မှုတွေနှင့် ပါတ်သတ်လို့  ဆောက်လုပ်ရေးအင်ဂျင်နီယာတဦး က Myanmar News Now ကို စာရေးသားပေးပို့ ထား ပါသည်။ ပေးပို့ လာတဲ့ စာကို အောက်မှာမူရင်းတိုင်း ဖော်ပြပေးလိုက်ပါသည်။ စာမှာ စာလုံးပေါင်း တချို့ မှားယွင်းမှုရှိနေတာကို စာဖတ်သူတို့  နားလည် ဖြည့်စွပ်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။ အားကစားဝန်ကြီးဦးတင့်ဆန်း လွှတ်တော်ဆောက်လုပ်စဉ်က လုပ်ငန်းခွင်မြင်ကွင်း u tint san's import news http://feeds.feedburner.com/thithtoolwin/yIWV

Zawtika Pipeline Project - Labor Dispute

ဇောတိက ပိုက်လိုင်းစီမံကိန်းမှ အလုပ်သမားများမှ တနသာင်္ရီတိုင်း ၀န်ကြီးချုပ်ထံပေးစာ.. from   ဒီမိုဝေယံ   by   ဒီမိုဝေယံ ဇောတိက သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်း မြင်ကွင်းတခု.. . ၀န်ကြီးချူပ် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီတိုင်း အကြောင်းအရာ။ ။ ဇောတိက သဘာဝဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်းလုပ်သားများ၏ နစ်နာမှုများနှင့် အခွင့်အရေးများအတွက် ညှိုနှိုင်းဖြေရှင်းပေးပါရန် တင်ပြခြင်း ကျွန်တော်တို့သည် ရေဖြူမြို့နယ်၊ ကန်ဘောက်ဒေသ PTTEPI မှ ဆောင်ရွက် အကောင်အထည်  ဖော်နေသော ဇောတိက သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်း စီမံကိန်းတွင် ၀င်ရောက် လုပ်ကိုင်နေသော လုပ်သားများနှင့် မိသားစုများ ဖြစ်ပါသည်။ စီမံကိန်းတွင် CPPB မှ ကန်ထရိုက်အဖြစ်ရရှိထားပြီး အလုပ်သမား ရှာဖွေ ခန့်ထားရေး ကိစ္စရပ်များတွင် AGS (Asia Guiding Star Co.ltd) မှ တဆင့်ခံ ကန်ထရိုက်အဖြစ် တာဝန်ယူ ဆောင်ရွက်နေပါသည်။ AGS မှ စီမံကိန်း လုပ်ငန်းများအတွက် လုပ်သားရေးရာ ကိစ္စများ တာဝန်ယူမှုတွင် လုပ်ခလစာနည်းပါးလွန်းခြင်း၊ အခြားခံစားခွင့်များ မရခြင်း၊ ကြမ်းတမ်းရိုင်းပြစွာ အမိန့်ပေးခိုင်းစေခြင်း တို့ကြောင့် ကျနော်တို့လုပ်သား...