Skip to main content

Kyar Phyu - USDP must apologize for threatening words

ခြိမ်းခြောက်စကားရုပ်သိမ်းခြင်းမပြုက မဲဆန္ဒနယ်မှဖယ်ထုတ်ပေးရန် ကျားဖြူတောင်းဆို

ကြံ့ခိုင်ရေးပါတီအတွက် ဒေသခံလူထုအား မဲဆွယ်စည်းရုံးပေးသည့် မန့်ပန်ဌာနေပြည်သူ့စစ်ခေါင်းဆောင်ကို ခြိမ်းခြောက် စည်းရုံးသည့်စကားများ ရုပ်သိမ်းရေးဆောင်ရွက်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သို့ စာတင်ဖို့ ကျားဖြူ ပါတီက စီစဉ်နေကြောင်း သိရသည်။
မန့်ပန်ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မွန်း
“မန့်ပန်ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မွန်းကနေ ဒေသခံလူထုကို အစည်းအဝေးခေါ်ယူခြိမ်းခြောက်တဲ့ ကိစ္စ။ လက်နက် ကိုင်တပ်ဖွဲ့အနေနဲ့ အခုလို ဖိအားပေးခြိမ်းခြောက်တာ မလုပ်သင့်ဘူး။ ဗိုလ်မွန်းကနေ ပြောဆိုခဲ့တဲ့စကားတွေ ပြန်လည်ရုပ်သိမ်းတာတွေမပြုရင်၊ အဲဒီဒေသတွင်းမှာ ရွေးကောက်ပွဲ မကျင်းပဖို့၊ အမဲရောင် နယ်မြေအဖြစ် သတ်မှတ်ပေးဖို့  အဓိကတောင်းဆိုတာ။ ဘာဖြစ်လို့လဲဆိုတော့ သူ့စကားကြောင့် ကျနော်တို့ စည်းရုံးရေးဆင်းဖို့ လုံခြုံရေးအတွက် စိတ်ပူရတဲ့ အခြေအနေမှာရှိတယ်။ ဒါကြောင့်မို့လို့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဆီ စာတင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ကျနော်တို့ ကျားဖြူပါတီဥက္ကဌကနေလက်မှတ် ရေးထိုးပြီး ဒီကနေ့တင်မှာဖြစ်ပါတယ်” - နေပြည်တော်ရောက် သျှမ်းပြည် မြောက်ပိုင်း မိုင်းရယ်မြို့နယ် ပြည်နယ်လွှတ်တော် အမတ်က ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အဆိုပါ စာတင်သွင်းရန် ကျားဖြူပါတီအား ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူးက အကြံပေး ပြောဆိုကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

ပြီးခဲ့သည့်လမှစ၍ သျှမ်းပြည်မြောက်ပိုင်းတန့်ယန်းမြို့နယ် မန့်ပန်အုပ်စု ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မွန်းက မိမိထိန်း ချုပ် နယ်မြေအတွင်းမှ ကျေးရွာ၊ အုပ်စု ဥက္ကဌများအားခေါ်ယူကာ ကြံ့ခိုင်ရေးပါတီမှလွဲ၍ တခြားပါတီအား မဲပေးသူကို   ရွာမှနှင်ထုတ်မည်ဖြစ်ကြောင်း၊ နေအိမ်အား မီးရှို့မည်ဖြစ်ကြောင်း ပြောကြားသည့်အပေါ်  ယခုလ ဖေဖော် ဝါရီ ၂၀ ရက်က သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီခေါ် ကျားဖြူပါတီက လားရှိုးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင် ထံသွားရောက် ပြောဆိုဆွေးနွေးသည်ကို မအောင်မြင်ရာမှ ယခုတကြိမ် ပြည်ထောင်စုအဆင့်အထိ တိုင်ကြားရန် ဖြစ်ပေါ် လာခြင်းဖြစ် သည်။

“ပြီးခဲ့တဲ့အပတ်က ကျနော်တို့ လားရှိုးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဆီကိုတင်ပြတော့ သူတို့က - ဒါ လက်နက်ကိုင် အဖွဲ့ အစည်းနဲ့ဆိုင်တော့ ကျနော်တို့ဘယ်လိုမှ မကူနိုင်ဘူး။ အထက်အာဏာရှိတဲ့ အဆင့်ဆင့်ဆီကိုဘဲတင်ပြပါလို့ ပြန်ဖြေ လာ တယ်။ အခုတခါတင်ပြမယ့်စာထဲမှာ  - ဒေသခံတွေကို ခြိမ်းခြောက်စည်းရုံးတဲ့စကားတွေကို ဗိုလ်မွန်းကနေ ပြန်ရုပ်သိမ်း ပေးဖို့၊ မရုပ်သိမ်းဘူးဆိုရင် ဗိုလ်မွန်းထိန်းချုပ်နယ်မြေကို အနက်ရောင်နယ်မြေအဖြစ်သတ်မှတ်ပေးဖို့၊  အဲဒီကရတဲ့ မဲပြား တွေကိုလဲ အသိအမှတ်မပြုဖို့ စတာတွေပါတယ် ” ဟုလည်း အဆိုပါ အမတ်က ပြောသည်။

စာကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံ တိုက်ရိုက်တင်ပြမည်ဖြစ်ပြီး မိတ္တူကို မြို့နယ်ကော်မရှင်နှင့် ရမခ တိုင်းမှူးတို့ထံ လည်း ပို့ပေးမည်ဖြစ်ကြောင်း ကျားဖြူပါတီအသိုင်းအဝိုင်းက ပြောပါသည်။

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် မြန်မာစစ်တပ်လက်အောက်ခံ မန့်ပန်ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မွန်း နှင့်အတူ ဗိုလ်ကြီးမွန်းပန်တို့က ဂျန္နဝါရီလ ၁၆ ရက်နေ့မှ ၂၅ ရက်နေ့အထိ ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာ သူကြီးများအားခေါ်ယူ၍ ခြိမ်းခြောက်စည်းရုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဗိုလ်မွန်းသည် ဒေသခံလူထု၏ သားယောက်ျားလေးများအား တပ်သားသစ်ကောက်ယူ၍ မြန်မာစစ် တပ်ထံပို့ပေး ခဲ့သေးကြောင်း၊ ဂျန္နဝါရီလအတွင်းပင် ဟိုယဒေသခံ၏ သား ၃ ဦးအားတပ်သားသစ်ကောက်ယူ သည့်ကိစ္စ ကျားဖြူပါတီမှ ကူညီဖြေရှင်းပေးရာ တဦးမှာကင်းလွတ်ခွင့်ရသွားပြီဖြစ်သော်လည်း ကျန် ၂ ဦးအ တွက် ဆက်လက်ဖြေရှင်းပေးနေရသေး ကြောင်းလည်း ဒေသအတွင်း ကျားဖြူပါတီအမတ်တဦးက ကပြောပြ ပါသည်။

Comments

Popular posts from this blog

Kaw Moo - a place for Aung San Suu Kyi for Bi-Election

အမိုး ဒေါ်သန်းသန်းလေး ဒေါ်အောင်ဆန်းစုကြည် ၏ မိသားစုဝင်များ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင် ဖို့ အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့ နယ်၊ ၀ါးသင်္ခ ကျေးရွာ မှာ ဒေါ်သန်းသန်းလေး အိမ်တွင် အိမ်ထောင်စု သန်းခေါင်စာရင်းဝင်ခဲ့သည်။ အခုလို သန်း ခေါင်စာရင်း ၀င်ခဲ့တဲ့ အတွက် မိသားစုဝင်ဖြစ်ကြတဲ့ အမိုး ဒေါ်သန်းသန်းလေး ရဲ့ ဝမ်းသာ ပီတိသံကို မေးကြည့်ရာ " " ဒီအိမ်မှာက မိသားစုဝင် စုစုပေါင်း ( ၉ ) ယောက်ရှိပါတယ်။ အကြီးဆုံးက ရီရီလွင်၊ ကျော်ဦးလွင်၊ နော်ကူးမ၊ ကျော်စွာမင်း၊ နော်ဖောလ၊ မယ်ပွား၊ မီးမီးပွား တို့ ဖြစ်ပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် တိုးလာပြီ။ အဲဒီအပေါ်မှာလည်း အရမ်းဝမ်းသာသလိုကျေးဇူးလည်း တင်တယ်၊ ၀ါသင်္ခရွာအနေနဲ့လည်း ဂုဏ်ယူတယ်၊ ၀မ်းလည်းသာသလို အားလည်းပေးကြတယ်၊ ကရင်တွေပီပီ တစ်ဦးချင်းမဟုတ်ပဲ အားလုံးတစ်ညီတစ်ညွတ်တည်း အားပေးကြတယ်၊ ဒီအိမ်ကို ဒေါ်အောင်ဆန်းစုကြည် တစ်ကြိမ်ပဲရောက်ဖူးသေးတယ်၊ သူ့ ကိုတွေ့ တွေ့ ချင်းအရမ်းဝမ်းသာတယ်၊ သူကလည်း ဒီအိမ်မှာ မိသားစုဝင်ဖြစ်တဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောပါတယ်။ အဲဒီနေ့ က သူအမျာြး...

Tint San corruption emerged -

အားကစားဝန်ကြီးဦးတင့်ဆန်း၏ လာဒ်စားမှုများပေါ်ပြီ (တိုင်ကြားစာ) from သစ်ထူးလွင် Myanmar News Now by သစ်ထူးလွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး နှင့် အားကစားဝန်ကြီး ဦးတင့်ဆန်း သည် နိုင်ငံတော်မှ ငွေကြေးအမြောက်အများကို လိမ်ယူထားသူဖြစ်ကြောင်း ၊ ပြည်သူ့ လွှတ်တော် အဆောက်အဦး အမှန်တကယ် ကုန်ကျငွေ၏ နှစ်ဆကျော်ခန့် ကုန်ကျကြောင်း၊ နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်းရှင်အသိုင်းအ၀ိုင်းမှသိရသည်။ လိမ်လည်မှုတွေနှင့် ပါတ်သတ်လို့  ဆောက်လုပ်ရေးအင်ဂျင်နီယာတဦး က Myanmar News Now ကို စာရေးသားပေးပို့ ထား ပါသည်။ ပေးပို့ လာတဲ့ စာကို အောက်မှာမူရင်းတိုင်း ဖော်ပြပေးလိုက်ပါသည်။ စာမှာ စာလုံးပေါင်း တချို့ မှားယွင်းမှုရှိနေတာကို စာဖတ်သူတို့  နားလည် ဖြည့်စွပ်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။ အားကစားဝန်ကြီးဦးတင့်ဆန်း လွှတ်တော်ဆောက်လုပ်စဉ်က လုပ်ငန်းခွင်မြင်ကွင်း u tint san's import news http://feeds.feedburner.com/thithtoolwin/yIWV

Zawtika Pipeline Project - Labor Dispute

ဇောတိက ပိုက်လိုင်းစီမံကိန်းမှ အလုပ်သမားများမှ တနသာင်္ရီတိုင်း ၀န်ကြီးချုပ်ထံပေးစာ.. from   ဒီမိုဝေယံ   by   ဒီမိုဝေယံ ဇောတိက သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်း မြင်ကွင်းတခု.. . ၀န်ကြီးချူပ် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီတိုင်း အကြောင်းအရာ။ ။ ဇောတိက သဘာဝဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်းလုပ်သားများ၏ နစ်နာမှုများနှင့် အခွင့်အရေးများအတွက် ညှိုနှိုင်းဖြေရှင်းပေးပါရန် တင်ပြခြင်း ကျွန်တော်တို့သည် ရေဖြူမြို့နယ်၊ ကန်ဘောက်ဒေသ PTTEPI မှ ဆောင်ရွက် အကောင်အထည်  ဖော်နေသော ဇောတိက သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်း စီမံကိန်းတွင် ၀င်ရောက် လုပ်ကိုင်နေသော လုပ်သားများနှင့် မိသားစုများ ဖြစ်ပါသည်။ စီမံကိန်းတွင် CPPB မှ ကန်ထရိုက်အဖြစ်ရရှိထားပြီး အလုပ်သမား ရှာဖွေ ခန့်ထားရေး ကိစ္စရပ်များတွင် AGS (Asia Guiding Star Co.ltd) မှ တဆင့်ခံ ကန်ထရိုက်အဖြစ် တာဝန်ယူ ဆောင်ရွက်နေပါသည်။ AGS မှ စီမံကိန်း လုပ်ငန်းများအတွက် လုပ်သားရေးရာ ကိစ္စများ တာဝန်ယူမှုတွင် လုပ်ခလစာနည်းပါးလွန်းခြင်း၊ အခြားခံစားခွင့်များ မရခြင်း၊ ကြမ်းတမ်းရိုင်းပြစွာ အမိန့်ပေးခိုင်းစေခြင်း တို့ကြောင့် ကျနော်တို့လုပ်သား...